သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-မက္ကဆီကိုနယ်စပ်လုံခြုံရေး ကန်တပ်ဖွဲ့ဝင် ၁၅၀၀ စေလွှတ်


အမေရိကန်-မက္ကဆီကိုနယ်စပ်မှာတွေ့ရတဲ့ အမေရိကန်စစ်သားများ (နိုဝင်ဘာ ၆၊ ၂၀၁၈)
အမေရိကန်-မက္ကဆီကိုနယ်စပ်မှာတွေ့ရတဲ့ အမေရိကန်စစ်သားများ (နိုဝင်ဘာ ၆၊ ၂၀၁၈)

အမေရိကန် ပြည်ထောင်စု တောင်ပိုင်း နယ်စပ် လုံခြုံရေးကို ထောက်ကူဖို့ အတွက် အမေရိကန် စစ်ဌာနချုပ် ပန်တဂွန်က တပ်ဖွဲ့ဝင် ၁,၅၀၀ ကို လာမယ့် ရက်ပိုင်း အတွင်း တပ်ချမယ့် အကြောင်း အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။ အမေရိကန် သမ္မတ Donald Trump စတင် တာဝန်ယူပြီးနောက် ချက်ချင်းဆိုသလို ချမှတ်ခဲ့တဲ့ ရွှေ့ပြောင်းဝင်ရောက်မှုကို တိုက်ဖျက်ရေး သမ္မတ အမိန့်ညွှန်ကြားချက်နဲ့ အညီ စစ်ဌာနချုပ်က အစီအစဉ် ချမှတ်ထားတာ ဖြစ်ပါတယ်။

ယာယီ ကာကွယ်ရေး ဝန်ကြီး Robert Salesses က တပ်ချထားရေး ညွှန်ကြားချက်တွေကို လက်မှတ်ထိုးမယ်လို့ ခန့်မှန်းထားကြပါတယ်။ ဘယ်တပ်ဖွဲ့တွေကို တပ်ချမလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မရှိသေးသလို တပ်ဖွဲ့ဝင် အရေအတွက်ကလည်း အပြောင်းအလဲ ရှိနိုင်ပါတယ်။ အမေရိကန် တပ်ဖွဲ့ဝင်တွေ အနေနဲ့တော့ လတ်တလော သမိုင်းမှာ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းတွေမှာ ပါဝင် ဆောင်ရွက်တာ မရှိတာကြောင့် သူတို့အနေနဲ့ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းတွေမှာ ပါဝင်မလားဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

တပ်ဖွဲ့ဝင်တွေ ချထားမယ့် အစီအစဉ်ကို ပြောကြတဲ့ တာဝန်ရှိသူတွေကတော့ ဒီအစီအစဉ်ကို တရားဝင် မကြေညာရသေးတဲ့ အတွက် အမည်မဖော်ကြပါဘူး။

ကန်-မက္ကဆီကိုနယ်စပ်လုံခြုံရေး ကန်တပ်ဖွဲ့ဝင် ၁၅၀၀ စေလွှတ်
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG