သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္မွာ COVID-19 ေၾကာင့္ ေသဆံုးရသူ ၁ သိန္းနီးပါး ေရာက္ရွိ


COVID-19 ေရာဂါပုိး တုံ႔ျပန္ႏုိင္စြမ္း စစ္ေဆးခံရန္ ေစာင့္ဆုိင္းေနသည့္ နယူးေယာက္ေဒသခံမ်ား။ (ေမ ၁၄၊ ၂၀၂၀)

(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စုမွာ လာမယ့္ရက္အနည္းငယ္အတြင္း ကို႐ုိနာဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးသူ အေရအတြက္ဟာ ၁၀၀,၀၀၀ အထိ ေရာက္လာဖုိ႔ ခန္႔မွန္းထားပါတယ္။

အခုလို ၀မ္းနည္းေၾကကြဲဖြယ္ အထိမ္းအမွတ္ မွတ္တိုင္တခုအျဖစ္ နာမည္ေက်ာ္ New York Times ရဲ႕ တနဂၤေႏြေန႔ထုတ္ သတင္းစာ ေရွ႕မ်က္ႏွာဖံုး တခုလံုးအျပည့္ COVID-19 ေၾကာင့္ ေသဆံုးသြားသူေတြရဲ႕ နာမည္နဲ႔ ကိုယ္ေရးအက်ဥ္းေတြကို ေဖာ္ျပခဲ့ပါတယ္။

ႏိုင္ငံတ၀န္း သတင္းမီဒီယာေတြမွာ ေဖာ္ျပခဲ့တဲ့ ေသဆံုးသူ အမည္စာရင္းနဲ႔ ကိုယ္ေရးမွတ္တမ္းေတြကို စုေဆာင္းၿပီး New York Times သတင္းစာႀကီးကေန တစုတစည္းတည္း ေဖာ္ျပခဲ့ၿပီး "အလြန္ႀကီးမားတဲ့ ဆုံး႐ႈံးမႈ၊ အေမရိကန္မွာ ေသဆံုးသူေပါင္း ၁၀၀,၀၀၀ နီးပါးရွိ" ဆိုတဲ့ သတင္းေခါင္းစဥ္ တပ္ခဲ့ပါတယ္။

တနဂၤေႏြေန႔အေစာပိုင္း Johns Hopkins တကၠသိုလ္ရဲ႕ ထုတ္ျပန္ခ်က္အရ အေမရိကန္မွာ ကိုဗစ္ေၾကာင့္ ေသဆုံးသူ ၉၇,၀၀၀ ေက်ာ္ ရွိေနပါၿပီ။ ေရာဂါကူးစက္ခံရသူေပါင္း ၁.၆ သန္း ရွိေနတာေၾကာင့္ အေမရိကန္ျပည္ေထာင္စုဟာ ကမၻာမွာ ဗိုင္းရပ္စ္ကူးစက္ခံရသူ အေရအတြက္ စုစုေပါင္းရဲ႕ သံုးပံုတပံု ရွိေနပါတယ္။

ဒါ့အျပင္ Johns Hopkins တကၠသိုလ္ရဲ႕ ေကာက္ယူမႈ စစ္တမ္းေတြအရ ကမာၻတဝန္း COVID-19 ကူးစက္မႈ စုစုေပါင္း ၅.၃ သန္းေက်ာ္အထိ ျမင့္တက္ခဲ့ၿပီး ေသဆုံးသူ ၃၄၂,၀၀၀ ေက်ာ္ ရွိပါတယ္။

ဗိုင္းရပ္စ္ စတင္ျပန္႔ပြားခဲ့တဲ့ တ႐ုတ္ႏုိင္ငံမွာေတာ့ စေနေန႔ ထုတ္ျပန္ခ်က္အရ အသစ္ကူးစက္ခံရသူ တဦးမွ မေတြ႔ရဘူးလို႔ ဆိုပါတယ္။ ဒါဟာ ဇန္န၀ါရီလမွာ ကူးစက္ခံရသူစာရင္း စတင္ထုတ္ျပန္ခဲ့ၿပီးေနာက္ တ႐ုတ္ႏုိင္ငံမွာ ပထမဆံုးအႀကိမ္ ျဖစ္ပါတယ္။

ဘရာဇီးႏိုင္ငံကေတာ့ ကူးစက္ခံရသူ ဒုတိယအမ်ားဆံုးရွိေနတဲ့ ႏိုင္ငံျဖစ္လာၿပီး လက္ရွိ ကူးစက္ခံရတဲ့ အေရအတြက္ ၃၄၇,၀၀၀ ေက်ာ္ ရွိပါတယ္။

ေနာက္ကရွိေနတဲ့ ႐ုရွားႏိုင္ငံမွာေတာ့ ဗိုင္းရပ္စ္ကူးစက္ခံရသူေပါင္း ၃၃၆,၀၀၀ ေလာက္ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------------

(Unicode)

အမေရိကန်မှာ COVID-19 ကြောင့် သေဆုံးရသူ ၁ သိန်းနီးပါး ရောက်ရှိ

အမေရိကန်ပြည်ထောင်စုမှာ လာမယ့်ရက်အနည်းငယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အရေအတွက်ဟာ ၁၀၀,၀၀၀ အထိ ရောက်လာဖို့ ခန့်မှန်းထားပါတယ်။

အခုလို ဝမ်းနည်းကြေကွဲဖွယ် အထိမ်းအမှတ် မှတ်တိုင်တခုအဖြစ် နာမည်ကျော် New York Times ရဲ့ တနင်္ဂနွေနေ့ထုတ် သတင်းစာ ရှေ့မျက်နှာဖုံး တခုလုံးအပြည့် COVID-19 ကြောင့် သေဆုံးသွားသူတွေရဲ့ နာမည်နဲ့ ကိုယ်ရေးအကျဉ်းတွေကို ဖော်ပြခဲ့ပါတယ်။

နိုင်ငံတဝန်း သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့တဲ့ သေဆုံးသူ အမည်စာရင်းနဲ့ ကိုယ်ရေးမှတ်တမ်းတွေကို စုဆောင်းပြီး New York Times သတင်းစာကြီးကနေ တစုတစည်းတည်း ဖော်ပြခဲ့ပြီး "အလွန်ကြီးမားတဲ့ ဆုံးရှုံးမှု၊ အမေရိကန်မှာ သေဆုံးသူပေါင်း ၁၀၀,၀၀၀ နီးပါးရှိ" ဆိုတဲ့ သတင်းခေါင်းစဉ် တပ်ခဲ့ပါတယ်။

တနင်္ဂနွေနေ့အစောပိုင်း Johns Hopkins တက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်အရ အမေရိကန်မှာ ကိုဗစ်ကြောင့် သေဆုံးသူ ၉၇,၀၀၀ ကျော် ရှိနေပါပြီ။ ရောဂါကူးစက်ခံရသူပေါင်း ၁.၆ သန်း ရှိနေတာကြောင့် အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက် စုစုပေါင်းရဲ့ သုံးပုံတပုံ ရှိနေပါတယ်။

ဒါ့အပြင် Johns Hopkins တက္ကသိုလ်ရဲ့ ကောက်ယူမှု စစ်တမ်းတွေအရ ကမ္ဘာတဝန်း COVID-19 ကူးစက်မှု စုစုပေါင်း ၅.၃ သန်းကျော်အထိ မြင့်တက်ခဲ့ပြီး သေဆုံးသူ ၃၄၂,၀၀၀ ကျော် ရှိပါတယ်။

ဗိုင်းရပ်စ် စတင်ပြန့်ပွားခဲ့တဲ့ တရုတ်နိုင်ငံမှာတော့ စနေနေ့ ထုတ်ပြန်ချက်အရ အသစ်ကူးစက်ခံရသူ တဦးမှ မတွေ့ရဘူးလို့ ဆိုပါတယ်။ ဒါဟာ ဇန်နဝါရီလမှာ ကူးစက်ခံရသူစာရင်း စတင်ထုတ်ပြန်ခဲ့ပြီးနောက် တရုတ်နိုင်ငံမှာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ဘရာဇီးနိုင်ငံကတော့ ကူးစက်ခံရသူ ဒုတိယအများဆုံးရှိနေတဲ့ နိုင်ငံဖြစ်လာပြီး လက်ရှိ ကူးစက်ခံရတဲ့ အရေအတွက် ၃၄၇,၀၀၀ ကျော် ရှိပါတယ်။

နောက်ကရှိနေတဲ့ ရုရှားနိုင်ငံမှာတော့ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၃၃၆,၀၀၀ လောက် ရှိနေပါတယ်။

XS
SM
MD
LG