သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားမဝင် ရွှေ့ပြောင်း တချို့ ဂွါတာနာမို အကျဉ်းစခန်းကို ရောက်ရှိ


တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေ တင်လာတဲ့ အမေရိကန် စစ်လေယာဥ်
တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေ တင်လာတဲ့ အမေရိကန် စစ်လေယာဥ်

“အဆိုးတကာ့ အဆိုးဆုံး” လို့ အမေရိကန် အရာရှိတွေကသတ်မှတ်ထားတဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို နေရပ်ပြန်မပို့သေးခင် ကျူးဘားနိုင်ငံ၊ ဂွါတာနာမို အကျဉ်းစခန်းမှာ ထိန်းသိမ်းထားပါတယ်။ အန္တရာယ်များတဲ့ တရားမဝင် နိုင်ငံခြားသား ၁၀ ဦး အင်္ဂါနေ့က ရောက်လာပြီး ICE လို့ခေါ်တဲ့ အမေရိကန် လူဝင်မှု ကြီးကြပ်ရေးနဲ့ အကောက်ခွန် အရာရှိတွေက ကြီးကြပ် ထိန်းသိမ်းထားပါတယ်လို့ ပင်တဂွန် စစ်ဌာနချုပ်ကလည်း အတည်ပြုပါတယ်။

ရွှေ့ပြောင်းနေထိုင်သူတွေ တင်လာတဲ့ က C-17 စစ်ဖက် ကုန်တင်လေယာဉ်ဟာ တက္ကဆက်ပြည်နယ် Fort Bliss ကနေ ဂွါတာနာမို အကျဉ်းစခန်းကို အင်္ဂါနေ့က ဆိုက်ရောက်လာကြောင်း ဗွီအိုအေ အမေရိကန် အသံ သတင်းဌာနက အရင်ဆုံး တင်ပြခဲ့တာပါ။ အဲဒီရွှေ့ပြောင်းဝင်ရောက်သူတွေကို ဂွါတာနာမို အကျဉ်းစခန်းမှာ ယာယီထိန်းသိမ်းထားတာ ဖြစ်တယ်လို့ ပင်တဂွန် စစ်ဌာနချုပ်က ပြောပါတယ်။

အဲဒီလူတွေကို သူတိုရဲ့ မူရင်းနိုင်ငံ ဒါမှအဟုတ် အခြား သင့်လျော်တဲ့ နေရာတွေဆီ ပြန်မပို့နိုင်သေးခင် ဘေးကင်းကင်းနဲ့ အသေအချာ ထိန်းသိမ်းထားဖို့ ICE အဖွဲ့က ဆောင်ရွက်နေပါတယ်လို့လည်း ပင်တဂွန်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အမေရိကန် ပြည်တွင်း လုံခြုံရေးဝန်ကြီး Kristi Noem ကလည်း စစ်ဖက် ကုန်တင်လေယာဉ်ပေါ်တက်ဖို့ ပြင်ဆင်နေကြတဲ့ ရွှေ့ပြောင်းနေထိုင်သူ အချို့ရဲ ဓာတ်ပုံတွေကို X လူမှုကွန်ရက် စာမျက်နှာမှာ အင်္ဂါနေ့က တင်ခဲ့ပါတယ်။ သူတို့တွေကိုလည်း "အဆိုးတကာ့ အဆိုးဆုံး" လူတွေလို့ ပြောထားပြီး နေရပ်ပြန်ပို့ရေး လုပ်ငန်းက အစပဲ ရှိပါသေးတယ်လို့လည်း သတိပေး ရေးသားထားပါတယ်။

please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG