သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်မှာ တရားမဝင်နေထိုင်သူ ကိုလံဘီယာနိုင်ငံသား ၁၀၀ ကျော် နေရပ်ပြန်ခေါ် 


ကိုလံဘီယာနိုင်ငံက အမေရိကန်မှာ တရားမဝင်နေထိုင်နေတဲ့ သူ့နိုင်ငံသားတွေကို ပြန်ခေါ်ဖို့ ပြင်ဆင်နေတဲ့ ကိုလံဘီယာလေတပ်ပိုင် Boeing 737-700 လေယာဥ်ကို ပြင်ဆင်နေစဥ်။ (ကိုလံဘီယာလေတပ်သတင်းပြန်ကြားရေး)
ကိုလံဘီယာနိုင်ငံက အမေရိကန်မှာ တရားမဝင်နေထိုင်နေတဲ့ သူ့နိုင်ငံသားတွေကို ပြန်ခေါ်ဖို့ ပြင်ဆင်နေတဲ့ ကိုလံဘီယာလေတပ်ပိုင် Boeing 737-700 လေယာဥ်ကို ပြင်ဆင်နေစဥ်။ (ကိုလံဘီယာလေတပ်သတင်းပြန်ကြားရေး)

အမေရိကန်ပြည်ထောင်စုအတွင်း တရားမဝင် လာရောက်နေထိုင်မှုနဲ့ ဖမ်းဆီးပြန်ပို့ခံရတဲ့ ကိုလံဘီယာနိုင်ငံသား ၁၁၀ ကို တင်ဆောင်လာတဲ့ ကိုလံဘီယာ လေတပ်ဂျက်လေယာဉ်ဟာ ဒေသစံတော်ချိန် ဒီကနေ့ ဇန်နဝါရီ ၂၈ ရက် အစောပိုင်းမှာ ပြန်လည် ဆင်းသက်လာဖို့ရှိပါတယ်။​

အမေရိကန်နိုင်ငံ၊ San Diego မြို့ကလာမယ့် ဒီလေယာဉ်အပြင် Houston နဲ့ တခြားမြို့တွေက ပြန်ပို့ မယ့် သူ့နိုင်ငံသားတွေကို စစ်လေယာဉ်နဲ့ ပြန်ပို့ရင် လက်မခံဘူးလို့ ကိုလံဘီယာသမ္မတ Gustavo Petro က ပြောဆိုခဲ့တာကြောင့် နှစ်နိုင်ငံကြား တနင်္ဂနွေနေ့က တင်းမာခဲ့ပြီးမှ အခု ပြန်ပို့မယ့်အစီအစဉ်တွေ အဆင်ပြေသွားတာပါ။

သူ့နိုင်ငံသားတွေကို လက်ထိပ်ခတ်ပြီး စစ်လေယာဉ်တွေနဲ့ ပြန်ပို့မယ့်အစီအစဉ်ဟာ မလေးစားရာ ရောက်တယ်လို့ သမ္မတ Petro က ပြောပါတယ်။​ ကိုလံဘီယာသမ္မတရဲ့ အဲဒီလို ငြင်းဆိုမှုကြောင့် သမ္မတ Donald Trump က ကိုလံဘီယာအပေါ် အခွန်ကောက်ခံပြီး ဒဏ်ခတ် အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ ခြိမ်းခြောက်တော့မှ ကိုလံဘီယာသမ္မတဘက်က အလျှော့ပေးလိုက်ပြီး ပြန်ပို့မယ့်အစီအစဉ် ပြေလည်သွားခဲ့တာပါ။

လက်ထိပ်ခတ်မထားတဲ့ သူ့နိုင်ငံသားတွေကို ကိုလံဘီယာ လေတပ် လေယာဉ်နဲ့ သယ်ဆောင် ခေါ်ယူမယ်လို့ ပြောပါတယ်။​ “ပြန်ပို့ခံရသူတွေအတွက် ဂုဏ်သိက္ခာ” - လို့အမည်ပေးထားတဲ့ ဒီအစီအစဉ်ဟာ ဘယ်နိုင်ငံကဖြစ်ဖြစ် သူတို့နိုင်ငံသားတွေကို ပြန်ပို့တဲ့အစီအစဉ်အားလုံးကို အကျုံးဝင်ကြောင်း သမ္မတ Petro က ပြောပါတယ်။​

သမ္မတ Trump ဟာ ရွေးကောက်ပွဲကာလက သူပေးထားတဲ့ကတိအတိုင်း တရားမဝင် လာရောက် နေထိုင်သူတွေကို အလျင်အမြန် လိုက်လံဖမ်းဆီးပြီး သူတို့နိုင်ငံအသီးသီးကို ပြန်ပို့နေတာမှာ အဲဒီလို ပြန်ပို့တာကို လက်မခံတဲ့နိုင်ငံတွေအပေါ် ချက်ခြင်း အခွန် ချမှတ် ကောက်ခံတာအပြင် နောက်ဆက်တွဲ စီးပွားရေးအရ ထိခိုက် နစ်နာမှုတွေပါ ရင်ဆိုင်ရမယ်လို့ ခြိမ်းခြောက် ပြောဆိုထားပါတယ်။​

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG