သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်မှာ အထောက်အထားမဲ့ ရွှေ့ပြောင်းတွေကို ဆက်လက် ဖမ်းဆီး 


အမေရိကန်မှာ အထောက်အထားမဲ့ ရွှေ့ပြောင်းတွေကို ထရမ့်အစိုးရဖမ်းဆီးပြီး ပြန်ပို့နေစဥ်
အမေရိကန်မှာ အထောက်အထားမဲ့ ရွှေ့ပြောင်းတွေကို ထရမ့်အစိုးရဖမ်းဆီးပြီး ပြန်ပို့နေစဥ်

အမေရိကန် အာဏာပိုင်တွေက အထောက်အထားမဲ့ ရွှေ့ပြောင်း ဝင်ရောက်သူတွေကို နေ့စဉ် ရာနဲ့ချီ ဖမ်းဆီးနေပြီး နေရပ်ရင်းကို ပြန်လည်ပို့ဆောင်နေပါတယ်။ ဒါဟာဆိုရင် အမေရိကန် ပြည်ထောင်စုတွင်းကို တရားမဝင် ရွှေ့ပြောင်း ဝင်ရောက်သူတွေကို အစုလိုက် အပြုံလိုက် ဌာနေပြန်ပို့မယ်ဆိုတဲ့ သမ္မတ Donald Trump ရဲ့ ၂၀၂၄ ခုနှစ် စည်းရုံးရေး ကတိကဝတ်ကို အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ဥပဒေတွေကို ကျင့်သုံးဆောင်ရွက်မယ်လို့ ဒုတိယ သမ္မတ JD Vance ကလည်း CBS ရုပ်သံရဲ့ Face the Nation အစီအစဉ်မှာ တနင်္ဂနွေနေ့က ပြောပါတယ်။ သမ္မတ Trump အစိုးရသစ် လက်ထက် အစပိုင်း ရက်တွေ အတွင်း ရွှေ့ပြောင်း ဝင်ရောက်သူ ၁,၀၀၀ ကျော် ဖမ်းဆီးထားပြီး ရာနဲ့ချီ ပြန်ပို့ခဲ့တဲ့ အထဲ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း ရွှေ့ပြောင်းတွေ ပြန်ပို့ခံရတဲ့ နိုင်ငံတွေထဲမှာ ဂွါတီမာလာ နိုင်ငံလည်း ပါဝင်ကြောင်း အမေရိကန် လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန် ဌာန၊ နောက် အမေရိကန် သမ္မတ အိမ်ဖြူတော်တို့ရဲ့ အချက်အလက်တွေမှာ ဖော်ပြပါတယ်။ အားလုံး အဆင်ပြေကြောင်း၊ ပြစ်မှုကျူးလွန်သူတွေကို ပြန်ပို့နေကြောင်း သမ္မတ Trump က သောကြာနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။ မြောက်ကယ်ရိုလိုင်းနား ပြည်နယ်မှာ ဟာရီကိန်း Helene ဒဏ်ကနေ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေကို သွားကြည့်တဲ့ ခရီးစဉ် အတွင်း သမ္မတ Trump က ပြောတာ ဖြစ်ပါတယ်။ ဒီလူတွေဟာ လူသတ်သမားတွေ၊ အဆိုးတကာ့ အဆိုးဆုံး သူတွေ ဖြစ်ပြီး ဒီလူတွေကို အရင်ဆုံး ဌာနေပြန်ပို့နေတယ်လို့ သမ္မတ Trump က အထောက်အထား မရှိဘဲ ပြောဆိုခဲ့ပါတယ်။ လက်ထိပ် ခြေကျင်းတွေ ခတ်ထားတဲ့ ရွှေ့ပြောင်း ဝင်ရောက်သူတွေကို C-17 စစ်လေယာဉ်နဲ့ အမေရိကန်ကနေ ခေါ်ထုတ်သွားတဲ့ ဓာတ်ပုံတွေကိုလည်း အမေရိကန် သမ္မတ အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။

အမေရိကန်မှာ အထောက်အထားမဲ့ ရွှေ့ပြောင်းတွေကို ဆက်လက် ဖမ်းဆီး 
please wait

No media source currently available

0:00 0:01:27 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG