သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်ရောက် ကန်အကြီးတန်းသံတမန် သမ္မတ Duterte မှတ်ချက်အပေါ် ဆွေးနွေး


ဖိလစ်ပိုင်ရောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အာရှ နဲ့ ပစိဖိတ်ဒေသရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russel
ဖိလစ်ပိုင်ရောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အာရှ နဲ့ ပစိဖိတ်ဒေသရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russel

ဖိလစ်ပိုင်သမ္မတ Rodrigo Duterte က သူ့ရဲ့ တရုတ်နိုင်ငံခရီးစဉ်အတွင်း အမေရိကန်နဲ့ ဆက်ဆံရေးကို ဖြတ်တောက်ဖို့ ရည်ရွယ်ထားတယ်လို့ ပြောကြားပြီး ရက်ပိုင်းအတွင်းမှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အာရှ နဲ့ ပစိဖိတ်ဒေသရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russel ဟာ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး နဲ့ တွေ့ဆုံခဲ့ပါတယ်။

သမ္မတဒူတာတေးရဲ့ အငြင်းပွားစရာ ပြောဆိုမှုတွေ ၊ ကြေညာ ချက်တွေ နဲ့ ဖိလစ်ပိုင်ရဲ့ ရည်မှန်းချက်နဲ့ ပတ်သက်ပြီး မရေရာတဲ့ လက်တွေ့အခြေအနေတွေက အမေရိကန်နိုင်ငံတင်မဟုတ်ဘဲ၊ တချို့နိုင်ငံတွေကိုလည်း အံ့သြတုန်လှုပ်စေခဲ့တယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Perfecto Yasay ကို တနင်္လာနေ့က ပြောကြားခဲ့တယ်လို့ Daniel Russel က ပြောပါတယ်။

စနေနေ့တုန်းကတော့ သမ္မတဒူတာတေးက - အမေရိကန် နဲ့ ဆက်ဆံရေးကို ဆက်ထိန်းသိမ်းဖို့က ကျနော်နိုင်ငံအကျိုးအတွက် အကောင်းဆုံးဖြစ်တာကြောင့် သူ့အနေနဲ့ အမေရိကန်နဲ့ ဆက်ဆံရေးကို အမှန်တကယ်ဖြတ်တောက်တာ မဟုတ်ဘူးလို့ သူတရုတ်နိုင်ငံဘေဂျင်းမြို့မှာ ပြောခဲ့တာကို အနည်းငယ်ပြင်ပြီး ပြန်ပြောခဲ့ပါတယ်။

ဒါပေမယ့် ဖိလစ်ပိုင်နိုင်ငံအနေနဲ့ သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်တွေကို အမေရိကန်ရဲ့ လွှမ်းမိုးမှုမပါဘဲ လွတ်လပ်စွာလုပ်ဆောင်သွားမှာဖြစ်တယ်လို့ သူကပြောပါတယ်။ သမ္မတဒူတာတေးလက်ထက်မှာ ဖိလစ်ပိုင် နဲ့ တရုတ်အစိုးရကြား တင်းမာနေတဲ့ဆက်ဆံရေး ပြန်လည်လျော့ကျ အောင်လုပ်ဆောင်တာကို အမေရိကန်အစိုးရအနေနဲ့ ကြိုဆိုကြောင်း ၊ ဒါပေမယ့် တရုတ်နိုင်ငံဆက်ဆံရေး သဟဇာတဖြစ်ဖို့အတွက် အမေရိကန် နဲ့ ဖိလစ်ပိုင်ဆက်ဆံရေးကို အထိခိုက်ခံပြီး မလုပ်ဆောင်သင့်ဘူးလို့ Daniel Russell က ပြောပါတယ်။

ဒါ့အပြင် ၃ လအတွင်း လူ ၃ ထောင်ကျော်ကို ကွပ်မျက်ခဲ့တဲ့ ဖိလစ်ပိုင်အစိုးရရဲ့ မူးယစ်ဆေးဝါးနှိမ်နှင်းရေးလုပ်နေတာတွေကိုလည်း အမေရိကန်အနေနဲ့ စိုးရိမ်တယ်လို့ သူကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG