သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်သမ္မတ ကန်နဲ့ ဆက်ဆံရေး ဖြတ်တာမဟုတ်


ဖိလစ်ပိုင်သမ္မတ Duterte တရုတ်ခေါင်းဆောင်များနဲ့ ဘေဂျင်း မှာတွေ့ဆုံ
ဖိလစ်ပိုင်သမ္မတ Duterte တရုတ်ခေါင်းဆောင်များနဲ့ ဘေဂျင်း မှာတွေ့ဆုံ

ဖိလစ်ပိုင် သမ္မတ Rodrigo Duterte က သူ့နိုင်ငံအနေနဲ့ အမေရိကန်နဲ့ ဆက်ဆံေ ရး ဖြတ်တောက် လိုက်တာမဟုတ်ဘူး၊ ဖိလစ်ပိုင် နိုင်ငံခြားရေး မူဝါဒ ချမှတ်ရာမှာ အမေရိကန် မူဝါဒနဲ့ အဆက်ဖြတ် လိုက်တာကို ဆိုလိုတာပါလို့ ရှင်းပြ လိုက်ပါတယ်။

သမ္မတ Duterte က အရင်ကသူ “အဆက်ဖြတ်မယ်” လို့ ပြောခဲ့တာက ဒီ နိုင်ငံြ ခားရေး မူဝါဒအတွက် သီးသန့်ခွဲထွက် ရပ်တည်လိုတာကို ပြောခဲ့တာသာ ဖြစ်တယ် လို့ မနေ့က ထုတ်ပြော လိုက်ပါတယ်။

တရုတ်နိုင်ငံကို ၄ ရက် ကြာ ခရီးသွားအပြီးမှာ သမ္မတ Duterte က ဖီလစ်ပိုင်နိုင်ငံ အနေနဲ့ အတိတ်ကနေ သူသမ္မတ ဖြစ်လာချိန်အထိ အမေရိကန် နိုင်ငံခြားရေး မူဝါဒနောက် လိုက်ဖြစ်ခဲ့တယ်လို့ သတင်းထောက်တွေကို ရှင်းပြခဲ့ပါတယ်။

တရုတ်နိုင်ငံရောက်နေစဉ် စီးပွားရေးလုပ်ငန်း ရှင်တွေနဲ့ ဘီဂျင်းမြို.တော်မှာေ တွ့ရာမှာ Mr. Duterte က သူ့အနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ အဆက်ဖြတ်ပြီး တရုတ်၊ ရုရှားတို့နဲ့ ပြန်ကောင်းအောင် ဆက်ဆံသွားမယ်လို့ ကြေညာခဲ့ တာကြောင့် ရေရှည် မဟာမိတ်ဖြစ်လာခဲ့တဲ့ အမေရိကန်အတွက် စိုးရိမ်မှုတွေ ဖြစ်စေ ခဲ့ပါတယ်။

သမ္မတ Duterte က သူ့နိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒကို အမေရိကန် နိုင်ငံခြားရေး မူ ဝါဒနဲ့ အရင် ချိတ်ဆက် ထားတာကို အဆက်ဖြတ် လိုက်တာသာဖြစ်တယ်၊ ဘာလို့လဲ ဆိုတော့ အဆက်အသွယ်ဖြတ် လိုက်တာက သူ့နိုင်ငံအတွက် အကျိုးရှိမှာ မဟုတ်လို့ပါလို့ သေချာအောင် ထပ်ရှင်းပြခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG