သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အရှေ့ဘက်ခြမ်း နှင်းမုန်တိုင်းအန္တရာယ် သတိပေးချက်ထုတ်ပြန်


ဇန်နဝါရီလ ၆ ရက် ၂၀၂၅ မှာ ကျခဲ့တဲ့ နှင်းမုန်တိုင်းအတွင်း အမေရိကန်သမ္မအိမ်ဖြူတော်မြင်ကွင်း။
ဇန်နဝါရီလ ၆ ရက် ၂၀၂၅ မှာ ကျခဲ့တဲ့ နှင်းမုန်တိုင်းအတွင်း အမေရိကန်သမ္မအိမ်ဖြူတော်မြင်ကွင်း။

အမေရိကန်ပြည်ထောင်စုအရှေ့ခြမ်း ပြည်နယ်တချို့မှာ နှင်းမုန်တိုင်းနဲ့ ရေခဲမှတ်အောက်ကျနိုင်တဲ့ အခြေအနေတွေကြောင့် မလိုအပ်ဘဲ နေအိမ်အပြင်မထွက်ကြဖို့ အာဏာပိုင်တွေက သတိပေးထား ပါတယ်။ မြို့တော် ဝါရှင်တန်ဒီစီမှာ ဒီကနေ့ အင်္ဂါနေ့ ဖေဖေါ်ဝါရီ ၁၁ ရက် နေ့လည်ပိုင်းကစလို့ နှင်းနဲ့ ရေခဲမိုးရွားနိုင်ကြောင်း ဒေသတွင်း သတင်းတွေမှာ ဖေါ်ပြပါတယ်။ ဝါရှင်တန်ဒီစီ မြို့ပတ်လမ်း ဝန်းကျင်မှာ နှင်း ၃ လက်မကနေ ၆ လက်မထိ ကျနိုင်ကြောင်းနဲ့ ကြာသပတေးနေ့ ရောက်ရင် မိုးပါရွာနိုင်ကြောင်းလည်း ခန့်မှန်းထားပါတယ်။

နှင်းမုန်တိုင်းကြောင့် အရေးပေါ်အခြေအနေအဖြစ် ဗာဂျီးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးက မနေ့က ကြိုတင် ကြေညာခဲ့ပါတယ်။ နှင်းတွေထူထူထပ်ထပ်ကျဖို့ရှိပြီး အန္တရာယ်များတဲ့ရေခဲပြင်တွေ ဖြစ်ပေါ်နိုင်တဲ့ ဆောင်းရာသီမုန်တိုင်းဟာ အတ္တလန္တိတ်အလယ်ပိုင်း အမေရိကန်အရှေ့ခြမ်းကို ဦးတည်နေပြီး လျှပ်စစ်ဓာတ်အားတွေပါ ပြတ်တောက်နိုင်ခြေရှိနေကြောင်း သတိပေးချက်ထုတ်ပြန်ထားပါတယ်။

ဗာဂျီးနီးယားနဲ့ အနောက်ဗာဂျီးနီးယားပြည်နယ်တွေမှာ ခရီးသွားတွေအတွက် ဒီကနေ့နဲ့ မနက်ဖြန် ဗုဒ္ဓဟူးနေ့တွေမှာ အန္တရာယ်များနိုင်တယ်လို့ အမေရိကန် မိုးလေဝသဌာနက သတိပေးထားပါတယ်။

ဆောင်းရာသီမှာ အန္တရာယ်များတဲ့ နှင်းမုန်တိုင်းဟာ Kentucky အပါအ၀င် New Jersey တောင်ပိုင်းအထိ ပါ၀င်မယ်လို့ သတိပေးကြေညာထားပါတယ်။

ဗာဂျီးနီးယားပြည်နယ် Roanoke (ရိုနုတ်ခ်) တောင်တန်းတွေမှာ ရေခဲပြင်ကြီးလွှမ်းထားသလို နှင်းတွေ သိသိသာသာကျဆင်းဖို့ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ လျှပ်စစ်မီးပြတ်တောက်မှုဖြစ်လာမယ့် အခြေအနေတွေအတွက်လည်း ကြိုတင်ပြင်ဆင်ဖို့ညွှန်ကြားထားပါတယ်။ Kansas နဲ့ Missouri က Great Lakes ရေကန်တွေမှာ မနက်ဖြန်မှာ နှင်းမုန်တိုင်းကျရောက်ဖို့ ခန့်မှန်းထားပါတယ်။

Forum

XS
SM
MD
LG