သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲနီး Harris နဲ့ Trump အပြိုင်မဲဆွယ်မှုများ


နိုဝင်ဘာမှာကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ဖလော်ရီဒါပြည်နယ်မှာ မဲဆွယ်နေတဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့် (ဝဲ) ပင်ဆယ်ဗေးနီယားပြည်နယ်မှာ မဲဆွယ်နေတဲ့ ဒုသမ္မတကမ်မလာဟဲရစ် (ယာ) (အောက်တိုဘာ ၁၆၊ ၂၀၂၄)
နိုဝင်ဘာမှာကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ဖလော်ရီဒါပြည်နယ်မှာ မဲဆွယ်နေတဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့် (ဝဲ) ပင်ဆယ်ဗေးနီယားပြည်နယ်မှာ မဲဆွယ်နေတဲ့ ဒုသမ္မတကမ်မလာဟဲရစ် (ယာ) (အောက်တိုဘာ ၁၆၊ ၂၀၂၄)

လာမယ့် အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းနေရာက ဝင်ပြိုင်မယ့် ဒုသမ္မတ Kamala Harris က သူသာ သမ္မတ ဖြစ်လာခဲ့ရင် လက်ရှိ ဘိုင်ဒန်အစိုးရ အုပ်ချုပ်မှု ပုံစံမျိုး ဆက်လုပ်မှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ သူ့အနေနဲ့ အတွေးသစ် အမြင်သစ်တွေနဲ့ ခေါင်းဆောင် မျိုးဆက်သစ်တွေကို ကိုယ်စားပြုသွားမှာ ဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့က Fox ရုပ်သံနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ Harris က ပြောဆိုခဲ့တာပါ။

လက်ယာယိမ်း ကွန်ဆားဗေးတစ် ရုပ်သံသတင်းဌာန Fox နဲ့ ပထမဆုံးအကြိမ် လုပ်တဲ့ ဒီအင်တာဗျူးမှာ လက်ရှိ ဒီမိုကရက်အစိုးရလက်ထက် လူဝင်မှုကြီးကြပ်ရေး ကိုင်တွယ်ပုံတွေကနေ လိင်အင်္ဂါ ခွဲစိပ်ပြုပြင် ပြောင်းလဲမှု ကိစ္စတွေအထိ အကြောင်းအရာစုံကို ထောက်ပြီး မေးမြန်းခဲ့တာပါ။ အထူးသဖြင့် သမ္မတဘိုင်ဒန် အစိုးရလက်ထက် ၄ နှစ်တာ ဆောင်ရွက်ချက်တွေနဲ့ပတ်သက်လို့ သမ္မတဘိုင်ဒန်နေရာမှာ သူဆိုရင်လည်း အဲ့ဒီလိုပဲ ကိုင်တွယ်ဖြစ်မှာပဲလို့ Harris က ပြီးခဲ့တဲ့ သီတင်းပတ်က ပြောဆိုခဲ့ပြီးတဲ့နောက် သူ့အပေါ် မေးခွန်းထုတ်မှုတွေကို ပြန်လည် တုံ့ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

မေးမြန်းချိန် နာရီဝက်နီးပါး တလျှောက်လုံးမှာတော့ မေးသူနဲ့ ဖြေသူ အပြန်အလှန် စကားဖြတ်ပြောရင်း အတော်လေး တင်းတင်းမာမာ အခြေအနေ ဖြစ်ခဲ့ပါတယ်။ ရွေးကောက်ပွဲ ကျင်းပဖို့ သီတင်း ၃ ပတ်တောင် မလိုတော့တဲ့အချိန်မှာ ဒီမိုကရက်တစ် သမ္မတလောင်း Harris အနေနဲ့ ရီပတ်ဘလစ်ကန် မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမဲ ရဖို့ ကြိုးစားနေတာနဲ့အတူ သူတို့ အကြည့်များတဲ့ ရုပ်သံမှာ မေးမြန်းခန်းလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

တချိန်ထဲမှာပဲ ရီပတ်ဘလစ်ကန် သမ္မတလောင်း Donald Trump ကတော့ ဂျော်ဂျီယာပြည်နယ် Atlanta မြို့မှာ ဗုဒ္ဓဟူးနေ့ညက လူထုစုဝေးပွဲတက်ရောက်ပြီး မဲဆွယ်မိန့်ခွန်း ပြောခဲ့ပါတယ်။ သူ သမ္မတ ပြန်ဖြစ်လာခဲ့ရင် အမေရိကန် ပြည်ထောင်စုထဲကနေ ရွှေ့ပြောင်းသွားတဲ့ စီးပွားရေး လုပ်ငန်းကြီးတွေ နိုင်ငံထဲ ပြန်ဝင်လာအောင်၊ ဂျော်ဂျီယာပြည်နယ်ထဲမှာ လုပ်ငန်းတွေ ပြန်လည် လုပ်ကိုင်လာအောင် ဆောင်ရွက်သွားမယ့်အကြောင်း ပြောဆိုသွားခဲ့ပါတယ်။ ဂျော်ဂျီယာပြည်နယ်မှာ ကြိုတင်မဲတွေ စနေပြီမို့ မပျက်မကွက် သူ့ကို ထောက်ခံမဲပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ ရွေးကောက်ပွဲရက် နီးလာတာနဲ့အမျှ သမ္မတလောင်းနှစ်ဦး အကြိတ်အနယ် ယှဥ်ပြိုင် မဲဆွယ်နေကြတာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG