သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ရွေးကောက်ပွဲအပေါ် ဥရောပနဲ့ နိုင်ငံတကာ သဘောထား


ဖလော်ရီဒါပြည်နယ် Seffner မြို့က Seffner-Mango Branch စာကြည့်တိုက်မှာတွေ့ရတဲ့ မဲပေးစက်များ (ဩဂုတ် ၂၊ ၂၀၂၄)
ဖလော်ရီဒါပြည်နယ် Seffner မြို့က Seffner-Mango Branch စာကြည့်တိုက်မှာတွေ့ရတဲ့ မဲပေးစက်များ (ဩဂုတ် ၂၊ ၂၀၂၄)

အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန် သမ္မလောင်း Donald Trump အနိုင်ရခဲ့မယ်ဆိုရင် ယူကရိန်းစစ်ပွဲ အပေါ် အမေရိကန်ရဲ့ ထောက်ခံမှုနဲ့ နေတိုးမဟာမိတ် ဆက်ဆံရေးအလားအလာတွေကို‌ မဟာမိတ် ဥရောပနိုင်ငံတွေကြားမှာ မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။ ရွေးကောက်ပွဲမှာ ဘယ်သူပဲ နိုင်နိုင် သူတို့အပေါ်မှာ စိတ်ဝင်စားမှု ရှိမှာ မဟုတ်ဘူးဆိုတဲ့ အမြင်တွေလည်းရှိနေတဲ့အကြောင်း စစ်တမ်းတွေမှာ ဖေါ်ပြပါတယ်။

ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Kamala Harris အနိုင်ရခဲ့ရင် ယူကရိန်းနဲ့ ပတ်သက်လို့ လက်ရှိ မူဝါဒတွေကို ဆက်ပြီး ထိန်းထားမယ်ဆိုပေမဲ့ စစ်နဲ့ ပတ်သက်လို့ အမေရိကန်ပြည်သူတွေအကြား ငြီးငွေ့လာကြပြီး ဆက်လက်ထောက်ခံတာကို ရီပတ်ဘလစ်ကန်ဘက်က ကန့်ကွက်ဝေဖန်မှုတွေ တိုးလာနိုင်ပါတယ်။ ယူကရိန်းနဲ့ ပတ်သက်လို့ အမေရိကန်ရဲ့ ရပ်တည်ချက် ပြောင်းလဲသွားနိုင်ခြေအပေါ်မှာလည်းဥရောပနိုင်ငံတွေ စိုးရိမ်နေကြပါတယ်။ ရှေ့ သီတင်းပတ် ရွေးကောက်ပွဲဟာ ယူကရိန်းကို ရုရှားက ကျုးကျော်သိမ်းပိုက်ပြီး နှစ်နှစ်ခွဲကျော် အကြာမှာ ကျင်းပတာပါ။

အမေရိကန်ရွေးကောက်ပွဲကျင်းပဖို့ နောက်ဆုံးသီတင်းပတ်ရောက်လာချိန်မှာပဲ၊ မဲဆွယ်စည်းရုံးမှုတွေအတွင်း ပြည်တွင်းရေးကိစ္စတွေနဲ့အတူ တရုတ်နိုင်ငံနဲ့ အမေရိကန်ကြား အားပြိုင်နေတဲ့ အခြေအနေတွေကိုလည်း သမ္မတလောင်းတွေထည့်သွင်းပြောဆိုကြပါတယ်။ ဒါပေမဲ့လည်း အမေရိကန်မဲဆန္ဒရှင်တွေဟာ တရုတ်ရဲ့ခြိမ်းခြောက်မှုအန္တရာယ်ထက် ပြည်တွင်းက စီးပွားရေး ၊လူဝင်မှုကြီးကြပ်ရေး နဲ့ သန္ဓေဖျက်ချခွင် အခွင့်အရေးစတဲ့ ပြည်တွင်းရေးကိစ္စတွေကို ပိုပြီး အာရုံစိုက်နေကြတယ်လို့ အမေရိကန်ပြည်ထောင်စု Yougov လူထုစစ်တမ်း ကောက်ခံရေး အဖွဲ့က ပြောပါတယ်။

Forum

XS
SM
MD
LG