သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရက်တစ်သမ္မတလောင်း ဟီလာရီကလင်တန် မဲပေးပြီးပြီ

ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီကလင်တန်ကတော့ ဒီကနေ့ နိုဝင်ဘာလ ၈ ရက်နေ့ အင်္ဂါနေ့မှာ နယူးယောက်မြို့ Chappaqua အရပ်မှာ မဲပေးခဲ့ပြီ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ ဖြစ်လာဖို့ ကြိုးပမ်းနေတဲ့ ဟီလာရီ ကလင်တန်က Chappaqua အရပ်က G. Grafflin မူလတန်းကျောင်းမှာ မဲထည့်ခဲ့တာ ဖြစ်ပါတယ်။ ရီပတ်ပလီကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ကတော့ နယူးယောက်မြို့ မက်ဟန်တန် အရပ်မှာ မဲပေးမယ်လို့ ခန့်မှန်းထားကြပါတယ်။

၂၀၁၆ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ သမ္မတလောင်း ၄ ဦး ဝင်ရောက်ယှဉ်ပြိုင်နေကြတာ ဖြစ်ပေမယ့် သန်းနဲ့ချီတဲ့ အမေရိကန် ပြည်သူတွေ ကတော့ ဒီမိုကရက် သမ္မတလောင်း ဖြစ်တဲ့ နိုင်ငံခြားရေး ဝန်ကြီးဟောင်း၊ သမ္မတကတော်ဟောင်း ဟီလာရီ ကလင်တန်နဲ့ ရီပတ်ပလီကန် သမ္မတလောင်း ဖြစ်တဲ့ နယူးယောက် စီးပွားရေး လုပ်ငန်းရှင်ကြီး ဒေါ်နယ်ထရမ့်တို့ကိုဘဲ အဓိက ရွေးချယ် မဲပေးနေကြတာ ဖြစ်ပါတယ်။

ဟီလာရီကလင်တန် မဲပေးပြီးပြီ
please wait

No media source currently available

0:00 0:00:43 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG