သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတလာင်း ၂ ယောက် Florida ပြည်နယ်မှာမဲဆွယ်

အမေရိကန်သမ္မတရွေးကောက်ပွဲ ကျင်းပဖို့ သီတင်း ၂ ပတ်သာ လိုတော့တဲ့အချိန် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရရေးအတွက် အကြိမ်အနယ် ယှဉ်ပြိုင်ရမယ့် ပြည်နယ်တခုဖြစ်တဲ့ Florida ပြည်နယ်မှာ ရီပတ်ဘလစ်ကန် သမ္မတလောင်း Donald Trump နဲ့ ဒီမိုကရက်သမ္မတလောင်း Hillary Clinton တို့ဟာ အင်္ဂါနေ့က မဲဆွယ် စည်းရုံးနေကြပါတယ်။

အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်းဒေသမှာရှိတဲ့ Florida ပြည်နယ်ဟာ အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် ပြည်နယ်တွေထဲမှာ အကြီးဆုံး ပြည်နယ်တခု ဖြစ်ပါတယ်။

ဒီပြည်နယ်ကနေ သမ္မတဖြစ်ရေးအတွက် လိုအပ်တဲ့ Electoral Vote လို့ခေါ်တဲ့ ပြည်နယ်တိုင်းမှာရှိတဲ့ သမ္မတ ရွေးချယ်တင်မြှောက်ခွင့် မဲအရေအတွက် စုစုပေါင်းရဲ့ ၁၀% ကျော်ဖြစ်တဲ့ ကိုယ်စားလှယ်မဲအရေအတွက် ၂၉ မဲ ရရှိမှာ ဖြစ်ပါတယ်။ သမ္မတအဖြစ် ရွေးချယ်ခံရသူအနေနဲ့ Electoral Vote စုစုပေါင်း ၂၇၀ ရရှိဖို့ လိုအပ်တာ ဖြစ်ပါတယ်။

၄ နှစ်တကြိမ် ကျင်းပတဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ မဲအရေအတွက် အများဆုံးရတဲ့သူက အနိုင်ရတာမျိုးမဟုတ်ဘဲ လူဦးရေအများဆုံးရှိတဲ့ ပြည်နယ်တွေက Electoral College လို့ခေါ်တဲ့ သမ္မတရွေးချယ်ရေး အဖွဲ့ဝင် မဲအရေအတွက် အများဆုံးရှိပြီး ရွေးကောက်ပွဲ အနိုင်အရှုံးကို အဆုံးအဖြတ် ပေးနိုင်လောက်တဲ့အထိ သြဇာလွှမ်းမိုးမှုရှိပါတယ်။

Florida ပြည်နယ်အတွင်းမှာ ကောက်ယူခဲ့တဲ့ လူထုစစ်တမ်းတွေအရကတော့ နိုင်ငံခြားရေး ဝန်ကြီးဟောင်း Clinton က ပြိုင်ဘက် Trump ထက် ၄% လောက် အသာစီး ရနေတယ်လို့ ဖော်ပြနေတဲ့အတွက် Clinton အနေနဲ့ အမေရိကန်နိုင်ငံသမိုင်းမှာ ပထမဦးဆုံး အမျိုးသမီးသမ္မတ ဖြစ်လာမယ့် အလားအလာရှိကြောင်း ညွန်ပြနေပါတယ်။

သမ္မတလာင်း ၂ ယောက် Florida ပြည်နယ်မှာမဲဆွယ်
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG