သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ပြည်နယ်တွေ မဲရုံနောက်ဆုံးရလဒ် - Trump က ကိုယ်စားလှယ်မဲ ၂၆၄ မဲ၊ Clinton ၂၁၅ မဲ


သမ္မတရွေးကောက်ပွဲ ကျင်းပနေတဲ့ အမေရိကန် ပြည်ထောင်စုက ပြည်နယ်တော်တော်များ မဲတွေ စတင်ရေတွက်နေပါပြီ။

အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ နောက်ဆုံးထွက်ပေါ်လာတဲ့ ရလဒ်တွေအရ အဓိကအကြိတ်အနယ် ယှဉ်ပြိုင်နေရတဲ့ ပြည်နယ်တွေမှာ အနိုင်ရနေတဲ့ ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်က ဦးဆောင်နေပါတယ်။

အခုနောက်ဆုံး မဲရေတွက်မှုတွေအရ ဒေါ်နယ်ထရမ့်က ကိုယ်စားလှယ်မဲ စုစုပေါင်း ၂၆၄ မဲ၊ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဟီလာရီ ကလင်တင် က ၂၁၅ မဲ ရရှိထားပါတယ်။ အမေရိကန် ရွေးကောက်ပွဲစနစ်အရ ပြည်နယ်တခုချင်းစီမှာ လူဦးရေနဲ့ အချိုးကျရှိနေ သမ္မတရွေးချယ်ရေးအဖွဲ့ရဲ့ Electoral vote ၅၃၈ မဲအနက် သမ္မတလောင်းတဦးအနေနဲ့ အနိုင်ရဖို့ စုစုပေါင်း Electoral vote ၂၇၀ ရရှိဖို့ လိုအပ်ပါတယ်။

လူထု ထောက်ခံမဲ အများစုရတဲ့အပေါ် မူတည်ပြီး Electoral vote တွေကို အဲဒီပြည်နယ်အတွက် သမ္မတလောင်းတွေက မဲရရှိကြပါတယ်။ ဒါကြောင့် Electoral vote များများရနိုင်တဲ့ ပြည်နယ်တွေဆီ သမ္မတလောင်းတွေ သွားရောက်မဲဆွယ်ခဲ့ကြတာဖြစ်ပါတယ်။ အင်္ဂါနေ့ အစောပိုင်းကတော့ ဒီမိုကရက် သမ္မတလောင်း Hillary Clinton ရော Rpbublican သမ္မတလောင်း Donald Trump ပါ New York ပြည်နယ်မှာ မဲပေးခဲ့ကြပါတယ်။ သမ္မတလောင်း ၂ ယောက်လုံးက မဲဆန္ဒရှင်တွေကို မဲပေးကြဖို့ ရုပ်မြင်သံကြား Radio နဲ့ Twitter လူမှုကွန်ယက်တွေပေါ်ကနေ တိုက်တွန်းနေပါတယ်။ ဒီတခေါက် ရွေးကောက်ပွဲမှာ မဲပေးကြသူတွေ တော်တော်လေးများပါတယ်။

တချို့ပြည်နယ်တွေမှာ မဲပေးတဲ့ စက်တချို့ချွတ်ယွင်းမှုရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ အပြီးသတ်မဲရလာဒ်တွေကတော့ ဝါရှင်တန်စံတော်ချိန် ညသန်းခေါင်လောက်မှာ ထွက်လာမယ်လို့ ခန့်မှန်းရပါတယ်။ သမ္မတလောင်း ၂ ယောက်လုံးက New York မြို့မှာ ရွေးကောက်ပွဲအောင်နိုင်ပွဲတွေကို ကျင်းပဖို့ စီစဉ်ထားကြပါတယ်။

XS
SM
MD
LG