သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအတွက် ချေးငွေ ဒေါ်လာဘီလီယံ ၂၀ အမေရိကန် အတည်ပြု


ရုရှားနယ်စပ် Sumy ဒေသထဲမှာ စစ်ရေးလေ့ကျင့်နေတဲ့ ယူကရိန်းစစ်သားများ (ဩဂုတ် ၁၇၊ ၂၀၂၄)
ရုရှားနယ်စပ် Sumy ဒေသထဲမှာ စစ်ရေးလေ့ကျင့်နေတဲ့ ယူကရိန်းစစ်သားများ (ဩဂုတ် ၁၇၊ ၂၀၂၄)

G7 စက်မှုထိပ်သီး ၇ နိုင်ငံကနေ ယူကရိန်းကို အမေရိကန်ဒေါ်လာ ဘီလျံ ၅၀ ချေးမယ့် အစီအစဉ်ထဲက အမေရိကန်ကပေးရမယ့် ဒေါ်လာ ဘီလျံ ၂၀ နဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုဘက်က မနေ့ ဗုဒ္ဓဟူးနေ့မှာ အပြီးသတ်သဘောတူညီလိုက်ပြီဖြစ်ပါတယ်။ အမေရိကန်က ပေးမယ့် ဒေါ်လာဘီလျံ ၂၀ ချေးငွေးနဲ့ပတ်သက်ပြီး အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Janet Yellen နဲ့ ယူကရိန်းဘဏ္ဍာရေးဝန်ကြီး Serhiy Marchenko တို့ မနေ့က သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒီချေးငွေနဲ့ အတူ ဥရောပသမဂ္ဂက ဒေါ်လာ ဘီလျံ ၂၀ နဲ့ G7 အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဗြိတိန်၊ ဂျပန်နဲ့ ကနေဒါနိုင်ငံတွေ ပေါင်းပြီး ၁၀ ဘီလျံတို့ကိုလည် ယူကရိန်းကို ချေးငွေအဖြစ် ပေးသွားမှာဖြစ်ပါတယ်။ အဲဒီချေးငွေတွေကို စီးပွားရေးနဲ့ စစ်ရေးအကူအညီတွေအတွက် ဒီနှစ်ကုန်မှာ ပေးသွားမှာဖြစ်ပါတယ်။
အဲဒီချေးငွေတွေကိုတော့ ရုရှားကယူကရိန်းကို ကျူးကျော်တိုက်ခိုက်ချိန်ကစပြီး ထိန်းချုပ်ထားတဲ့ ရုရှားပိုင် ဒေါ်လာ ၃၀၀ ဘီလျံကျော်ကနေ ရလာတဲ့ အတိုးတွေကနေ ပြန်ပေးသွားမှာဖြစ်ပါတယ်။ ရုရှားရဲ့ အဲဒီပိုင်ဆိုင်မှုအများစုကိုတော့ ဥရောပမှာ ထိန်းချုပ်ထားတာဖြစ်ပါတယ်။

တနည်းပြောရရင်တော့ ယူကရိန်းအနေနဲ့ အခွန်ထမ်းပြည်သူတွေကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ သူတို့လိုအပ်နေတဲ့ အကူအညီတွေကို ရနိုင်ပြီဖြစ်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ကြေညာချက်မှာ ပြောထားပါတယ်။ အခုလို အမေရိကန်ဘက်က ငွေချေးတဲ့အစီအစဉ်ဖြစ်အောင်လုပ်ပေးတဲ့အတွက် သမ္မတဂျိုးဘိုင်ဒန်နဲ့ ဘဏ္ဍာရေးဝန်ကြီး Janet Yellen တို့ကို ကျေးဇူးတင်တယ်လို့ ယူကရိန်းသမ္မတ ဇလင်စကီးက X လူမှုကွန်ရက်ကနေ ပြောလိုက်ပါတယ်။

ယူကရိန်းအတွက် ချေးငွေ ဒေါ်လာဘီလီယံ ၂၀ အမေရိကန် အတည်ပြု
please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG