သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် လေယာဉ်တင်သင်္ဘောအုပ်စု အရှေ့အလယ်ပိုင်းကို တပ်ဖြန့်


USS Abraham Lincoln သဘောၤ
USS Abraham Lincoln သဘောၤ

အရှေ့အလယ်ပိုင်းဒေသ အကြုံးဝင်တဲ့ အမေရိကန် ဗဟိုကွပ်ကဲရေးဒေသကို လေယာဉ်တင်သင်္ဘောအုပ်စုနဲ့ လေကြောင်း တိုက်ခိုက်ရေးတပ်ဖွဲ့ကို အမေရိကန်က စေလွှတ်ခဲ့ပါတယ်။

အန္တရာယ်ဖြစ်လောက်တဲ့ အခြေအနေမျိုးတွေ အီရန်ဘက်ကလုပ်တာကို တုံ့ပြန်တဲ့အနေနဲ့ ခုလိုစေလွှတ်တာ ဖြစ်တယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Jonh Bolton က ထုတ်ပြန်ကြေညာချက်ထဲမှာ ပြောကြားထားပါတယ်။

အမေရိကန်ရဲ့ အကျိုးစီးပွားနဲ့ အမေရိကန်မဟာမိတ်တွေအပေါ် တိုက်ခိုက်မှုမှန်သမျှကို မဆုတ်မနစ်အင်အားနဲ့ တုံ့ပြန် သွားမယ်ဆိုတာ ပြသလိုက်တာ ဖြစ်တယ်လို့ တနင်္ဂနွေနေ့က ထုတ်ပြန်တဲ့ John Bolton ရဲ့ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ အမေရိကန်က အီရန်နဲ့ စစ်ဖြစ်အောင် လုပ်နေတာမဟုတ်ပေမဲ့ အီရန်ဘက် တိုက်ခိုက်မှု မှန်သမျှကို တုံ့ပြန်ဖို့ အပြည့်အဝ ပြင်ဆင်ထားတာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

အီရန်ဘက်က ဘယ်လို ခြိမ်းခြောက်ရန်တွေ ရှိနေသလဲဆိုတာကိုတော့ Trump အစိုးရဘက်က အသေးစိတ်ပြောကြားခြင်း မရှိပါဘူး။ အမေရိကန်ဆိပ်ကမ်းကနေ ဧပြီ လဆန်းထဲက ထွက်ခွာသွားကြတဲ့ထဲမှာ အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln အပြင် တိုက်ခိုက်ရေးအဖွဲ့မှာ တိုက်ဂျက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ၊ ဖျက်သင်္ဘောတွေနဲ့ ရေတပ်တပ်ဖွဲ့ဝင် ၆ ထောင်ကျော် ပါဝင်သွားပါတယ်။

ခုလို စစ်အင်အားအများအပြား စေလွှတ်ရလောက်အောင် ဘယ်လို အကြောင်းရှိသလဲဆိုတာကို နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ရဲ့ ဥရောပခရီးစဉ်မှာ သတင်းထောက်တွေက မေးပေမဲ့ ပြောကြားခြင်းမရှိဘဲ၊ ဒီလိုစေလွှတ်ဖို့ အမေရိကန်အစိုးရဘက်က စဉ်စားနေခဲ့တာ နည်းနည်းကြာခဲ့ပြီ ဖြစ်တဲ့အကြောင်းနဲ့ အီရန်ရဲ့ လုပ်ရပ်တွေအပေါ် ဘယ်လိုလက်တုံ့ပြန်မယ်ဆိုတာ အီရန်ကို ပြတ်ပြတ်သားသားပြသဖို့ အမေရိကန်အစိုးရမှာ ခိုင်မာတဲ့ အကြောင်းတွေ ရှိတယ်လို့သာ ဖြေကြားသွားပါတယ်။

ကန် လေယာဉ်တင်သင်္ဘောအုပ်စု အရှေ့အလယ်ပိုင်းကို တပ်ဖြန့်
please wait

No media source currently available

0:00 0:01:24 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG