သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုမြင့်မားလာ


အရှေ့အလယ်ပိုင်းဒေသမှာ တပ်ဖြန့်ချထားတဲ့ အမေရိကန်စစ်သင်္ဘောတစင်းရဲ့ ယခင်မှတ်တမ်းဓာတ်ပုံ။
အရှေ့အလယ်ပိုင်းဒေသမှာ တပ်ဖြန့်ချထားတဲ့ အမေရိကန်စစ်သင်္ဘောတစင်းရဲ့ ယခင်မှတ်တမ်းဓာတ်ပုံ။

အီရန်ကတိုက်ခိုက်လာခဲ့ရင် အစ္စရေးကိုကာကွယ်ဖို့ ဒေသတွင်းကို အမေရိကန်စစ်သင်္ဘောတွေ ဝင်ရောက်လာတာနဲ့အတူ အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုတွေတိုးမြင့်လာပါတယ်။ ဟက်ဇ်ဘိုလာဘက်က အစ္စရေးကိုပစ်မှတ်ထားပြီး တိုက်ခိုက်မှုတွေလုပ်လာချိန်မှာပဲ အနောက်နိုင်ငံအစိုးရအတော်များများကလည်း သူတို့နိုင်ငံသားတွေ လက်ဘနွန်နိုင်ငံကနေ အလျင်အမြန်ထွက်ခွာကြဖို့ တိုက်တွန်းနေပါတယ်။

ပြီးခဲ့တဲ့အပတ်က အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ဟက်ဇ်ဘိုလာတပ်မှူးတဦးသေဆုံးသလို အီရန်မှာ ဟာမတ် နိုင်ငံရေးခေါင်းဆောင် Ismail Haniyeh လုပ်ကြံသတ်ဖြတ်ခံရတဲ့နောက် အခြေအနေတွေဟာ အတော်ကြီးကို အကဲဆတ်လာတယ်လို့ ပြင်သစ်နိုင်ငံက သတိပေးပါတယ်။ အမေရိကန်၊ ပြင်သစ်၊ ကနေဒါနဲ့ ဗြိတိန်နိုင်ငံတွေ အားလုံးကို သူတို့နိုင်ငံသားတွေ လက်ဘနွန်နဲ့ အိမ်နီးချင်း ဂျော်ဒန်နိုင်ငံတို့ကနေ ထွက်ခွာကြဖို့ သတိပေးနေပါတယ်။

လေကြောင်းလိုင်းတချို့က ဒေသတွင်း လေယဉ်ခရီးစဉ်အတော်များများကို ရပ်ဆိုင်းထားကြပါတယ်။

အမေရိကန် အိမ်ဖြူတော်လုံခြုံရေးကောင်စီ လက်ထောက်အကြံပေး Jonathan Finer က CBS ရုပ်သံနဲ့ တွေ့ဆုံမေးမြန်းခန်း မှာတော့ အမေရိကန်တို့ရည်မှန်းချက်ကတော့ တင်းမာမှုတွေလျော့ကျလာအောင်၊ ဟန့်တားနိုင်အောင်နဲ့ အစ္စရေးကို အကာအကွယ်ပေးဖို့ဖြစ်တယ်လို့ ပြောပါတယ်။

ဖြစ်နိုင်ခြေအားလုံးအတွက်လည်း ပြင်ဆင်ထားပြီး ဒေသတွင်းစစ်ပွဲဟာ ဘယ်သူ့အတွက်မှ အကျိုးရှိမှာမဟုတ်ဘူးလို့လည်း Jonathan Finer က ABC ရုပ်သံ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။ ဟာမတ်နိုင်ငံရေးခေါင်းဆောင်တဦး အီရန်နိုင်ငံတွင်း လုပ်ကြံသတ်ဖြတ်ခံရတဲ့နောက် ဒီအတွက် လက်စားချေဖို့ တာဝန်ရှိတယ်ဆိုတာကို တွက်ဆနေတယ်လို့ အီရန် ဘာသာရေးအကြီးအကဲ Ayatollah Ali Khamenei က ကြေညာချက်ထုတ်ခဲ့ပါတယ်။ ဒါ့အပြင် ဟာမတ်ခေါင်းဆောင်လုပ်ကြံခံရတာအတွက် လက်တုန့်ပြန်တဲ့အနေနဲ့ အစ္စရေးကို တိုက်ရိုက်တိုက်ခိုက်မှုတခုလုပ်ဖို့ Khamenei က ညွှန်ကြားထားတယ်လို့လည်း အီရန်အရာရှိသုံးဦးကို ကိုးကားပြီး New Yrok Time သတင်းမှာ ရေးထားပါတယ်။

အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုမြင့်မားလာ
please wait

No media source currently available

0:00 0:01:27 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG