သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုံးကျည်ရန်ကာကွယ်ရေး အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယားပူးတွဲလေ့ကျင့်


အမေရိကန်၊တောင်ကိုရီးယားပူးတွဲလေ့ကျင့်စဉ် (၂၀၁၇-ဒီဇင်ဘာ ၇ ရက်နေ့)
အမေရိကန်၊တောင်ကိုရီးယားပူးတွဲလေ့ကျင့်စဉ် (၂၀၁၇-ဒီဇင်ဘာ ၇ ရက်နေ့)

ကိုရီးယားကျွန်းဆွယ်မှာ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် တည်ဆောက်ရေးအစီအစဉ် အရှိန်မြင့်နေချိန်မှာဘဲ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ဟာ ဝင်လာတဲ့ ဒုံးကျည် လမ်းကြောင်းကို သိရှိအောင်လုပ်ပြီး ဟန့်တား ကာကွယ်ရေးနဲ့ ဆိုင်တဲ့ စစ်ရေးလေ့ကျင့်မှုကို ဒီကနေ့ တနင်္လာနေ့မှာ စတင်ပြီး ၂ ရက်ကြာ ပြုလုပ်မှာဖြစ်ကြောင်း ရေကြောင်း ခုခံကာကွယ်ရေးအဖွဲ့က MSDF က ပြောပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကြီးမားတဲ့ စစ်ရေးလေ့ကျင့်မှုကြီး ပြုလုပ်ခဲ့တာမှာတော့ အဲဒီ စစ်ရေး လေ့ကျင့်မှုဟာ စစ်ဖြစ်ဖို့ ခိုင်လုံတဲ့အကြောင်းအချက်ဖြစ်တယ်လို့ မြောက်ကိုရီးယားက ပြောပါတယ်။

ကုလသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူမှုနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပြစ်တင်မှုတွေကို ဆန့်ကျင်ပြီး နျူကလီးယားလက်နက်နဲ့ ပဲ့ထိန်းဒုံးကျည်တွေပိုင်ဖို့ လုပ်နေတဲ့ မြောက်ကိုရီးယားက ဂျပန်နိုင်ငံကို ကျော်ပြီး ပဲ့ထိန်းဒုံးကျည်တွေကို စမ်းသပ် ပစ်လွတ်ခဲ့တာပါ။ နိုဝင်ဘာလ ၂၉ ရက်နေ့မှာတော့ သူတို့အဆိုအရ အဆင့်အမြင်ဆုံးလို့ ဆိုတဲ့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ကို မြောက်ကိုရီးယားက စမ်းသပ် ပစ်လွတ်ခဲ့တာမှာ အဲဒီ ဒုံးကျည်ဟာ အမေရိကန် ပြည်ထောင်စုအထိ ရောက်နိုင်တယ်လို့ ဆိုပါတယ်။

ပဲ့ထိန်းဒုံးကျည်လမ်းကြောင်းဆိုင်ရာ အချက်အလက်တွေကို ၃ နိုင်ငံအကြား အပြန်အလှန်ဖလှယ်တာနဲ့ဆိုင်တဲ့ ဒီ စစ်ရေးလေ့ကျင်မှုဟာ ၆ ကြိမ်မြောက်လုပ်တာဖြစ်တယ်လို့ MSDF တပ်ဖွဲ့ကပြောပါတယ်။

THAAD လို့ခေါ်တဲ့ အမေရိကန်ရဲ့ အငြင်းပွားဖွယ် ဒုံးခွင်းဒုံးစနစ် ဒီစစ်ရေးလေ့ကျင့်မှာ ပါဝင်မယ် မပါဝင်ဘူး ဆိုတာတော့ မသိရသေးပါဘူး။ တောင်ကိုရီးယားမှာ တပ်ဆင်ထားတဲ့ THAAD စံနစ်ရဲ့ အားကောင်းတဲ့ ရေဒါက တရုတ်နိုင်ငံအတွင်းပိုင်းထိ ရောက်နိုင်တာကြောင့် သူတို့ရဲ့ လုံခြုံရေးကို ခြိမ်းချောက်တယ်ဆိုပြီး တရုတ်တို့က ဆန့်ကျင် ကန့်ကွက်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG