သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ဒုံးကျည် ထပ်မံပစ်လွှတ်


မြောက်ကိုရီးယားက အခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့မှာ ဒုံးကျည် ပစ်လွတ်ခဲ့သည့် မှတ်တမ်းပုံ။
မြောက်ကိုရီးယားက အခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့မှာ ဒုံးကျည် ပစ်လွတ်ခဲ့သည့် မှတ်တမ်းပုံ။

မြောက်ကိုရီးယားက ကီလိုမီတာ ၁,၀၀၀ ခန့် အကွာအဝေးရောက်ခဲ့တဲ့ တိုက်ချင်းပစ် ဒုံးလက်နက် တစင်းကို အင်္ဂါနေ့က ပစ်လွှတ်ခဲ့တဲ့အကြောင်း အမေရိကန် ကာကွယ်ရေးဌာနက အတည်ပြုခဲ့ပါတယ်။

ဝါရှင်တန် စံတော်ချိန် ညနေ ၁ နာရီ ၁၇ မိနစ်ခန့်က မြောက်ကိုရီးယား ဒုံးလက်နက် စတင်းကို ပစ်လွတ်လိုက်တဲ့အကြောင်း အမေရိကန် ကာကွယ်ရေးဌာနက စုံစမ်း သိရှိခဲ့ရပြီး ကနဦး ခန့်မှန်းချက်အရ ဒီဒုံးလက်နက်ဟာ ICBM ခေါ် တိုက်ချင်းပစ် ဒုံးလက်နက် ဖြစ်တဲ့အကြောင်း

အမေရိကန ်ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး Robert Manning က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဲဒီ တိုက်ချင်းပစ် ဒုံးလက်နက်ဟာ မြောက်အမေရိကအပြင် တခြား အမေရိကန်ရဲ့ မဟာမိတ် နယ်မြေ ပိုင်နက်တွေကိုလည်း အန္တရာယ် မဖြစ်စေတဲ့အကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန် ထောက်လှန်းရေး အရာရှိတဦးကတော့ ဒီပစ်လွှတ်မှုနဲ့ ပတ်သက်ပြီး အမေရိကန်က အံ့အားမသင့်ဘူးလို့ ဗီအိုအေကို ပြောပါတယ်။ ဒီဒုံးလက်နက် လေထဲမှာ ပျံသန်းနေချိန်မှာပဲ မြောက်ကိုရီးယား အခြေအနေနဲ့ ပတ်သက်လို့ သမ္မတကို အသိပေး အစီရင်ခံခဲ့ပြီး ဖြစ်တယ်လို့ အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ်က Twitter လူမှု ကွန်ယက်ကတဆင့် ပြောပါတယ်။

မြောက်ကိုရီးယားဟာ တာဝေးပစ် ဒုံးလက်နက်ကို စက်တင်ဘာလအတွင်းမှာ နောက်ဆုံးအကြိမ် ပစ်လွှတ်ခဲ့တာဖြစ်ပြီး အခုနောက်ဆုံး ပစ်လွှတ်တဲ့ဒုံးကျည်က ဘယ်လို အမျိုးအစားလဲ ဆိုတာတော့ ရှင်း ရှင်းလင်းလင်း မသိရသေးပါဘူး။

ဂျပန်နိုင်ငံမှာတော့ ဝန်ကြီးအဆင့် အကျပ်အတည်း ဖြေရှင်းရေးဆိုင်ရာအဖွဲ့ရဲ့ အရေးပေါ် အစည်းအဝေး ခေါ်ယူ ကျင်းပခဲ့ပါတယ်။ ဂျပန်ဝန်ကြီးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွှတ်မှုကို ဂျပန်က အပြင်းအထန် ကန့်ကွက်တယ်လို့ ဆိုပါတယ်။

Vigilant Ace လို့အမည်ရတဲ့ ဒီဇင်ဘာလ ၄ရက်နေ့ကနေ ၈ ရက်နေ့အထိ အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲ စစ်ရေးလေ့ကျင့်မှု ကျင်းပဖို့ ပြင်ဆင်နေချိန်မှာ မြောက်ကိုရီးယားက အခုလို ဒုံးကျည် ပစ်လွှတ်ခဲ့တာပါ။

အဲဒီ စစ်ရေးလေ့ကျင့်မှုမှာ စစ်မှုထမ်း ထောင်နဲ့ချီ ပါဝင်ပြီး တောင်ကိုရီးယားမှာ ပထမဆုံး အကြိမ် ချထားတဲ့ F 22 Raptor ဂျက်တိုက်လေယဉ် ၆ စီးအပါအဝင် လေယဉ်ပေါင်း ၂၃၀ ပါဝင်မှာ ဖြစ်ပါတယ်။ အခုလို စစ်ရေလေ့ကျင့်မှုတွေကို မြောက်ကိုရီးယားက အစဉ်တစိုက် ပြစ်တင် ဝေဖန်နေတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG