သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ဒုံးပြဿနာ Trump နဲ့ ကာကွယ်ရေးဝန်ကြီး အမြင်ကွဲပြား


မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်နဲ့ နျူကလီးယား လက်နက် အစီအစဉ်တွေ ရှေ့ဆက်တိုးပြီး လုပ်နေတဲ့ အပေါ် ဘယ်လို တုန့်ပြန်မယ် ဆိုတာနဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတနဲ့ ကာကွယ်ရေး ဝန်ကြီးတို့ရဲ့ဗုဒ္ဓဟူးနေ့က ပြောဆိုချက်တွေဟာ ကွဲလွဲနေပါတယ်။

မြောက်ကိုရီးယား အရေး ကိုင်တွယ် ဖြေရှင်းတဲ့ နေရာမှာ အမေရိကန် အတွက် သံတမန်ရေး နည်းလမ်း ကုန်ဆုံးသွားတယ် ဆိုတာ မရှိဘူးလို့ ကာကွယ်ရေး ဝန်ကြီး Jim Mattis က အလေးအနက် ပြောပါတယ်။ စကားပြောတာက အဖြေမဟုတ်ဘူးလို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ပြောပြီးတဲ့နောက် ဝန်ကြီး Mattis က အဲဒီလို ပြောတာပါ။

မြောက်ကိုရီးယားရဲ့ခြိမ်းခြောက်မှုကို ရင်ဆိုင်တာနဲ့ ပတ်သက်ပြီး သမ္မတ ထရမ့်ပ်က တွစ်တာ လူမှုကွန်ယက်မှာ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက ရေးခဲ့တာနဲ့ ပတ်သက်ပြီးတော့ မေးတာကို ဝန်ကြီး Mattis က ပြန်ဖြေတာပါ။

မြောက်ကိုရီးယားက အင်္ဂါနေ့မှာ ဂျပန်နိုင်ငံကို ကျော်ပြီးတော့ ပဲ့ထိန်းဒုံးကျည် တစင်း ပစ်လွှတ် စမ်းသပ်ခဲ့တာပါ။

အမေရိကန် ပြည်ထောင်စုဟာ မြောက်ကိုရီးယားနဲ့ စကားပြောနေပြီး ၂၅ နှစ်ကြာအောင် ငွေညှစ်တာကို ပေးနေခဲ့ပါတယ်။ စကား ပြောတာဟာ အဖြေမဟုတ်ပါဘူး ဆိုပြီး သမ္မတထရမ့်ပ်က တွစ်တာမှာ ရေးတာပါ။ မြောက်ကိုရီးယားကို ရင်ဆိုင်ဖို့ နည်းလမ်း အားလုံးကို ထည့်သွင်း စဉ်းစားနေတယ်လို့ ပြောခဲ့အပြီး နောက်တရက်မှာပဲ အခုလို ရေးတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG