သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားနဲ့ ဆွေးနွေးဖို့ ကန်အဆင်သင့်


မြောက်ကိုရီးယား နိုင်ငံနဲ့စကားပြောဆိုဖို့ အဆင်သင့် ရှိနေတုန်းပဲလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က မနေ့ကပဲ ပြောလိုက်ပါတယ်။

ပစိဖိတ် သမုဒ္ဒရာ အတွင်း အမေရိကန်ပိုင် Guam ကျွန်းကို ဒုံးကျည်နဲ့ပစ်ဖို့ ခြိမ်းခြောက် ထားတာကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုန်အွန်က ရွှေ့ဆိုင်းလိုက်တဲ့ အချိန်မှာ အခုလို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့တာပါ။

အခြေအတင် ဆွေးနွေးရေး နည်းလမ်းရှာဖို့ အမေရိကန်က စိတ်ဝင်စားနေတုန်းပဲ ဖြစ်ပေမဲ့ ကင်ဂျုန်အွန် အပေါ်မှာ မူတည်တယ်လို့လည်း ဝန်ကြီး Tillerson က ပြောပါတယ်။ သံတမန်ရေး အရ ကြိုးပမ်းသင့်ပေမဲ့လည်း ကိုရီးယားကျွန်းဆွယ် နျူကလီးယား ကင်စင်ရေးနဲ့ ပတ်သက်လို့ စေ့စပ်ညှိနှိုင်းမှုတွေ မစခင် မြောက်ကိုရီးယားက ပဲထိန်းဒုံး ပစ်လွှတ်မှုနဲ့ နျူကလီးယား စမ်းသပ်မှုတွေကို ရပ်ဆိုင်းရမှာ ဖြစ်တယ်လို့ အမေရိကန်ဘက်က ပြောပါတယ်။

ဇူလိုင်လ ၄ ရက်နေ့နဲ့၂၈ ရက်နေ့တုန်းက မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ် ဒုံးကျည်တွေ စမ်းသပ်ပစ်လွှတ်မှုတွေ အရ အလက်စကား ပြည်နယ်နဲ့ အမေရိကန် အလယ်ပိုင်းကို ထိမှန်နိုင်စွမ်း ရှိတာကို ပြသနိုင်ခဲ့တယ်လို့ အကဲခတ်တွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG