သုံးရလွယ်ကူစေသည့် Link များ

မြောက်ကိုရီးယားဟာ အမေရိကန်ရဲ့ရန်သူမဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားလိုက်ပါတယ်။ မြောက်ကိုရီးယားမှာ အစိုးရ အပြောင်းအလဲ ဖြစ်အောင် အမေရိကန် လုပ်နေတာ မဟုတ်သလို အစိုးရပြုတ်ကျသွားအောင် လုပ်နေတာလည်း မဟုတ်ဘူး၊ တောင်နဲ့မြောက် အလျင်အမြန် ပြန်လည် ပေါင်းစည်းအောင်လည်း အမေရိကန်က တိုက်တွန်းမနေဘူး။

အမေရိကန် တပ်တွေကို မြောက်ကိုရီးယား ရှိတဲ့ဘက်ကို စေလွှတ်ဖို့ အကြောင်းရှာနေတာ မဟုတ်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီး Tillerson က ပြောကြားခဲ့ပါတယ်။ နိုင်ငံခြားရေးဌာနမှာ အင်္ဂါနေ့က ကျင်းပတဲ့ သတင်းစာရှင်းပွဲမှာ ဝန်ကြီး Tillerson ရှားရှားပါးပါး တက်ရောက် ပြီး ခုလို ပြောခဲ့တာပါ။

လက်မခံနိုင်လောက်စရာ ခြိမ်းခြောက်မှုတွေကို မြောက်ကိုရီးယားဖက်က လုပ်နေပေမဲ့ အမေရိကန်ဖက်က မြောက်ကိုရီးယားနဲ့ စကားဝိုင်းထိုင် ဆွေးနွေးဖို့ လိုလားတယ် ဆိုတာကို တချိန်မှာ မြောက်ကိုရီးယားတို့ သဘောပေါက်လာမယ်လို့ မျှော်လင့်ကြောင်းလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယား အစိုးရရဲ့ပဲ့ထိန်းတပ်ဒုံးနဲ့ Nuclear လက်နက်ထုတ်လုပ်မှု အစီအစဉ်တွေ အဆုံးသတ်သွားစေဖို့ နည်းလမ်းအားလုံးကို အမေရိကန် စဉ်းစားနေတယ်လို့ အိမ်ဖြူတော်က အစောပိုင်းက ပြောကြားခဲ့ပြီးနောက် နိုင်ငံခြားရေးဝန်ကြီးက မြောက်ကိုရီးယားကို ရန်သူလို့ မသတ်မှတ်ထားဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG