သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား၊ မြောက်ကိုရီယားနဲ့ အီရန်ကို ဒဏ်ခတ်ဖို့ ကန်လွှတ်တော်အမတ်တွေ သဘောတူ


ရုရှားသမ္မတ နှင့် အမေရိကန်သမ္မတတို့ တွေ့ဆုံစဉ် (ဇွန်လိုင် ၂၀၁၇)

ဥပဒေ အဖြစ် အတည်ပြုနိုင်ရေး အတွက် သမ္မတ Donald Trump ထံကို ပေးပို့ရမယ့် ရုရှား၊ အီရန်နဲ့ မြောက်ကိုရီးယားတို့ အပေါ် ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေ ချမှတ်မယ့် ဥပဒေကြမ်း တရပ် ရှင်းရှင်းလင်းလင်း ပေါ်ထွက်လာနိုင်မယ့် သဘောတူညီချက် တရပ် ရရှိသွားပြီ ဖြစ်ပါတယ်။

အောက်လွှတ်တော် လူများစု ခေါင်းဆောင် Kevin McCarthy နဲ့ ဆွေးနွေးပြီးနောက်မှာ အခုလို ထွက်ပေါ်လာတာဖြစ်တယ်လို့ အထက်လွှတ်တော် အမတ် Bob Corker က မနေ့ ဗုဒ္ဓဟူးနေ့နှောင်းပိုင် ထုတ်တဲ့ ကြေညာချက်မှာ ပြောဆိုထားပါတယ်။ အထက်လွှတ်တော် အမတ် Bob Corker က ဒီဥပဒေကြမ်းထဲမှာ မြောက်ကိုရီးယား အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုကို ထည့်မယ်ကိစ္စကို အစောပိုင်းက ပယ်ချခဲ့ပြီး သီးခြား ကိစ္စရပ် တခု အနေနဲ့ ဆောင်ရွက်ဖို့ လိုလားခဲ့တာပါ။

ဒါပေမယ့်လည်း အောက်လွှတ်တော် အမတ်တွေဘက်က မြောက်ကိုရီးယား အပေါ် နောက်ထပ် ခိုင်မာတဲ့ အရေးယူမှုတွေ မကြာခင်မှာ ထပ်ပြီး ဆောင်ရွက်သွားဖို့ သဘောတူခဲ့တယ်လို့ အထက်လွှတ်တော် အမတ် Corker က ပြောပါတယ်။

ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖယ်ရှားဖို့ သမ္မတဘက်က ဆောင်ရွက်ချက်တွေ ရှိလာရင် လွှတ်တော်ဘက်က ခပ်မြန်မြန် ပယ်ချနိုင်မယ့် လုပ်ထုံးလုပ်နည်း တခုကိုလည်း အခု ဥပဒေထဲမှာ ထည့်သွင်းထားပါတယ်။ အမေရိကန် ပြည်ထောင်စုဘက်က ဒဏ်ခတ်ပိတ်ဆို့မှျုွှေ ချမှတ်လာခဲ့ရင် ရုရှားအစိုးရဘက်က လက်တုံ့ပြန်မယ့် အနေအထား ရှိတယ်လို့ ရုရှား ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး Sergei Raykov က မနေ့ ဗုဒ္ဓဟူးနေ့က ပြောဆိုပါတယ်။

ဒဏ်ခတ်ပိတ်ဆို့မှု သစ်တွေကြောင့် အမေရိကန်နဲ့ ရုရှားကြား ဆက်ဆံရေး တိုးတက်နိုင်မယ့် အခွင့်အလမ်းတွေကိုလည်း ပျက်စီးစေမယ်လို့ ရုရှားဒုတိယ နိုင်ငံခြားရေး ၀န်ကြီးက နိုင်ငံပိုင် ရုပ်သံကနေ ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG