သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားအပေါ်အရေးယူမှုသစ် ကန်ပါတီနှစ်ရပ်အကြား သဘောတူညီမှုရရှိ


ကန်လွှတ်တော်
ကန်လွှတ်တော်

ရုရှားအပေါ် ချမှတ်မယ့် ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေနဲ့ ပတ်သက်လို့ ပါတီကြီး နှစ်ရပ်တို့က လွှတ်တော် ခေါင်းဆောင်တွေကြား သဘောတူညီချက် ရရှိသွားပါပြီ။

၂၀၁၆ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲ အပေါ် ရုရှားတို့ ကြားဝင် နှောင့်ယှက်ခဲ့မှုကို တုံ့ပြန်တဲ့ အနေနဲ့ရော Donald Trump ဘက်က ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးဖို့ ကြိုးစားလာမယ့်အရေးကနေပါ ကြိုကာထားတဲ့ အနေနဲ့ ဆောင်ရွက်တာပါ။

ဒီဥပဒေကြမ်းထဲမှာတော့ ပြီးခဲ့တဲ့ တလကျော်က အထက်လွှတ်တော်မှာ အတည်ပြုခဲ့တဲ့ အီရန်ရဲ့ တည်ငြိမ်မှု ပျက်ပြားအောင် ဆောင်ရွက်ချက်တွေကို တန်ပြန်တဲ့ ဥပဒေနဲ့ အီရန်ရဲ့ ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုတွေ အပေါ် ဒဏ်ခတ်ပိတ်ဆိုမှု သစ်တွေလည်း ပါရှိပါတယ်။

အောက်လွှတ်တော်ကို ရောက်တဲ့ အချိန်မှာတော့ ဒီဥပဒေကြမ်းက လုပ်ထုံးလုပ်နည်းဆိုင်ရာ ကိစ္စတွေကြောင့် တန့်နေခဲ့တာပါ။ အောက်လွှတ်တော်ဘက်က ဒီဥပဒေထဲမှာ မြောက်ကိုရီးယားရဲ့ နျူးကလီးယား အစီအစဉ်တွေ အပေါ် ပိုပြီး တင်းကျပ်တဲ့ စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်ဖြည့်ဖို့ လိုလားခဲ့တာပါ။ မနေ့ စနေနေ့မှာတော့ လုပ်ထုံးလုပ်နည်း ကိစ္စရပ်တွေကြောင့် ကြန့်ကြာနေရတဲ့ အချက်တွေရော၊ မြောက်ကိုရီးယား အပေါ်ဒဏ်ခတ်ပိတ်ဆိုမှု ထပ်ထည့်တာတွေ အပေါ်မှာပါ သဘောတူညီချက် ရရှိပြီလို့ ပါတီနှစ်ရပ်က စေ့စပ် ဆွေးနွေးသူတို့က ပြောဆိုတာပါ။ ရုရှား၊ အီရန်နဲ့ မြောက်ကိုရီးယား အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေပါဝင်တဲ့ ဥပဒေကြမ်းကိုတော့ လာမယ့် အင်္ဂါနေ့မှာ အောက်လွှတ်တော်မှာ မဲခွဲဖို့ စီစဉ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG