သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုးရီးယားခေါင်းဆောင် ဆုံးဖြတ်ချက် Trump ချီးကျူး


အမေရိကန်ပိုင် Guam ကျွန်း ရဲ့ကမ်းခြေတွေကို ဒုံးလက်နက် ပစ်လွှတ်မယ့် အစီအစဉ် ရွှေ့ဆိုင်းမှုနဲ့ ပတ်သက်လို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ကျုံအွန်ဟာ သိပ်ကို ဉာဏ်အမေ ျှာ်အမြင်ရှိပြီး ဆင်ခြင် သုံးသပ်ထားတဲ့ ဆုံးဖြတ်ချက် ချလိုက်တာ ဖြစ်တဲ့အကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောပါတယ်။

တကယ်လို့သာ ဒုံးလက်နက် ပစ်လွှတ်ခဲ့မယ် ဆိုရင် အခြေအနေဟာ ဆိုးရွားနိုင်ပြီး လက်ခံနိုင်စရာမရှိ ဖြစ်လိမ့်မယ်လို့ ထရန့်က Twitter ကွန်ယက်မှာ ဗုဒ္ဓဟူးနေ့က ရေးသားလိုက်ပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင်ကို အင်္ဂါနေ့က အစိုးရ သတင်းမီဒီယာမှာ ကိုးကားဖေါ် ပြရာမှာတော့ အမေရိကန်ဘက်က သိပ်ကို အန္တရာယ်ကြီးပြီး လက်လွတ်စပယ် နိုင်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ ဆက်လုပ်မလား ဆိုတာကို စောင့်ကြည့်မှာ ဖြစ်တဲ့အတွက် သူ့အနေနဲ့ တောင်ပိုင်း ကီလိုမီတာ ၃,၄၀၀ အကွာရှိ Guam ကျွန်း အနီး ဂျပန် ပင်လယ်ပြင်ကို ဖြတ်ပြီး ဒုံးလက်နက် လေးစင်း ပစ်လွှတ်မယ့် အစီအစဉ်ကို လောလောဆယ်မှာ ဆိုင်းငံ့ထားတဲ့ အကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG