သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump မြောက်ကိုရီးယားကို မီးကုန်ယမ်းကုန် မကြုံစဖူး အရေးယူဖို့တုံ့ပြန်


အမေရိကန် ပြည်ထောင်စု အပေါ် နျူးကလီးယား အင်အားနဲ့ တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်နေတဲ့ မြောက်ကိုရီးယားကို သမ္မတ Donald Trump က အင်္ဂါနေ့က ပြင်းပြင်းထန်ထန် တုံ့ပြန် ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယား အနေနဲ့ အမေရိကန်အပေါ် နောက်ထပ် ခြိမ်းခြောက်မှုတွေ မလုပ်ရင် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ ဆက်လုပ်နေရင်တော့ ကမ္ဘာမှာ တခါမှ မကြုံဖူးလောက်တဲ့ မီးကုန် ယမ်းကုန် တုံ့ပြန်မှုကို ရင်ဆိုင်ရပါလိမ့်မယ်။

မြောက်ကိုရီးယား ခေါင်းဆောင်ဟာ ပုံမှန် ပြောကြားမှုတွေထက်ကို ကျော်လွန်ပြီး အလွန်အမင်း ခြိမ်းခြောက်နေပါတယ်။ ကမ္ဘာကြီးမှာ တခါမှ မမြင်ဘူးကြတဲ့ အင်အားနဲ့ မီးကုန်ယမ်းကုန် တုံ့ပြန်တာ ကြုံရမယ်လို့ ထပ်ပြောချင်ပါတယ်လို့ သမ္မတ Trump ပြောကြားသွားတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ Missile ဒုံးတွေထဲမှာ ထည့်သွင်း တပ်ဆင်နိုင်တဲ့ အသေးစား Nuclear ထိပ်ဖူးကို မြောက်ကိုရီးယားတို့ အောင်အောင်မြင်မြင် တည်ဆောက်ထားနိုင်ပြီလို့ အမေရိကန် ထောက်လှမ်းရေး ဌာနရဲ့ပြီးခဲ့တဲ့လက သုံးသပ်ချက်ကို သတင်းမီဒီယာတွေမှာ ထုတ်ပြန်လိုက်ပြီး နာရီပိုင်း အကြာမှာပဲ သမ္မတ Trump ကခုလို ပြောကြား လိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက ပစ်လွှတ်စမ်းသပ်ခဲ့တဲ့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးဟာ အမေရိကန် ပြည်မကြီးအထိ ရောက်နိုင်စွမ်း ရှိတယ်လို့ မြောက်ကိုရီးယားက ပြီးခဲ့တဲ့ ရက်ပိုင်းတွေကပဲ ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယား အပေါ် ကုလသမဂ္ဂက ပြင်းထန်တဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ခဲ့ပြီး နောက်မှာ အမေရိကန်အပေါ် Nuclear အင်အားနဲ့ တိုက်ခိုက် ဆုံးမမယ် ဆိုတဲ့အထိ မြောက်ကိုရီးယားဖက်က ပြင်းပြင်းထန်ထန် ခြိမ်းခြောက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG