သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားကို အကြမ်းဖက်မှုထောက်ခံတဲ့နိုင်ငံအဖြစ် ကန်သတ်မှတ်


အကြမ်းဖက်မှုကို ထောက်ခံအားပေးတဲ့ နိုင်ငံအဖြစ် မြောက်ကိုရီးယားကို အမေရိကန်ပြည်ထောင်စုက ပြန်လည် သတ်မှတ်ဖို့ ပြင်ဆင်နေပြီး ဒီအရေးယူ ဆောင်ရွက်မှုအရ အာဏာရှင် မြောက်ကိုရီးယား အစိုးရအပေါ် နောက်ထပ် စီးပွားရေးနဲ့ သံတမန်ရေး ဖိအားပေးမှုတွေ ထပ်မံ ချမှတ်နိုင်မှာ ဖြစ်ပါတယ်။

သမ္မတ Donald Trump က မြောက်ကိုရီးယားကို အရင်နှစ်တွေကတည်းက ဒီလို လုပ်ဆောင်သင့်တဲ့အကြောင်း၊ ပြုံယမ်း အစိုးရဟာ လူသတ်အစိုးရဖြစ်တဲ့အကြောင်း တနင်္လာနေ့က အိမ်ဖြူတော်မှာ ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားကို အကြမ်းဖက် ထောက်ခံအားပေးတဲ့ နိုင်ငံတွေ စာရင်းထဲမှာ ထည့်သွင်းတဲ့ အရေးယူဆောင်ရွက်မှုကိုအမေရိကန်ဘဏ္ဍာရေးဌာနက ဒီကနေ့ အင်္ဂါနေ့မှာ တရားဝင် ထုတ်ပြန် ကြေညာမှာ ဖြစ်ပါတယ်။

အမေရိကန်အနေနဲ့ သံတမန်ရေးအရ အဖြေရှာနိုင်ဖို့ မျှော်လင့်ထားဆဲရှိပေမယ့် မြောက်ကိုရီးယားက နောက်မဆုတ်ရင် ဆက်လက်ဖိအားပေးသွားဖို့ အဆင်သင့်ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က တနင်္လာနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ အကြမ်းဖက်ထောက်ခံတဲ့ နိုင်ငံတွေစာရင်းမှာ အီရန်၊ ဆီးရီးယားနဲ့ ဆူဒန်တို့ကို ထည့်သွင်းထားပါတယ်။ ကနဦးက အမေရိကန်က မြောက်ကိုရီးယားကို ၁၉၈၈ ခုနှစ်က ဒီစာရင်းထဲမှာ ထည့်သွင်းခဲ့တာဖြစ်ပြီး ထိုစဉ်က မြောက်ကိုရီးယားကနေ တောင်ကိုရီးယား ခရီးသည်တင် လေယာဉ်ကို ဗုံးခွဲ တိုက်ခိုက်ခဲ့တဲ့အတွက် လူ ၁၁၅ ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် နျူကလီးယား လက်နက် ဖျက်သိမ်းမှုရဲ့ စံတွေကို လိုက်နာခဲ့တဲ့အတွက် ၂၀၀၈ ခုနှစ်က မြောက်ကိုရီးယားကို စာရင်းကနေ ဖယ်ရှားပေးခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG