သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား အရာရှိနှင့်အဖွဲ့အစည်းချို့ ကန်ဒဏ်ခတ်


ကမ္ဘာ့အဆိုးဝါးဆုံး လူ့အခွင့်ရေးချိုးဖေါက်မှုထဲပါတဲ့ လုပ်ရပ်တွေ လုပ်ဆောင်ခဲ့တယ်လို့ ပြောကြားရင်း မြောက်ကိုရီးယား အစိုးရအရာရှိ ၇ ဦးနဲ့ အစိုးရအဖွဲ့အစည်း ၃ ခု ကို ကြာသပတေးနေ့မှာ အမေရိကန် ပြည်ထောင်စုက အမည်မည်း စာရင်းထဲ ထည့်သွင်းလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနနဲ့ ဘဏ္ဍာရေးဌာနတွေက မြောက်ကိုရီးယား စစ်ဘက်လုံခြုံရေး၊ အလုပ်သမားနဲ့ သံတမန်ဆိုင်ရာ စခန်းတွေ၊ မြောက်ကိုရီးယား စစ်သားတွေကို လုပ်ခလစာ မပေးပဲ အလုပ်စေခိုင်းပြီး လုပ်ခငွေကို ဆင်းရဲမွဲတေနေတဲ့ အစိုးရကို ပြန်ပို့ပေးရတဲ့ နိုင်ငံခြား တိုင်းပြည်တွေမှာရှိတဲ့ လုပ်အားအဓမ္မ ခိုင်းစေတဲ့ လုပ်ငန်းတွေမှာ တာဝန်ယူလုပ်ကိုင်တဲ့ အရာရှိတွေကို အရေးယူဒဏ်ခတ်တာ ဖြစ်ပါတယ်။

အခုလို အရေးယူမှုဟာ လူ့အခွင့်ရေးချိုးဖေါက်မှုမှာ ပါဝင်ပတ်သက်နေတဲ့ မြောက်ကိုရီးယား စစ်တပ်နဲ့ အာဏာရှင် အရာရှိတွေအပေါ် ပစ်မှတ်ထား အရေးယူတာ ဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin ကပြောပါတယ်။

နိုင်ငံခြားရေးဌာန ပြောခွင့်ရ Heather Nauert ကလည်း အခုအရေးယူတဲ့ လူ့အခွင့်ရေး ချိုးဖေါက်မှု တွေထဲမှာ ညှင်းဆဲတာ၊ မတရား ဖမ်းဆီးတာ၊ အဓမ္မကျင့်တာ၊ တရားဥပဒေမဲ့ သတ်ဖြတ်တာ တွေ ပါဝင်ကြောင်း ပြောပါတယ်။

မြောက်ကိုရီးယား လူ့အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tomas Ojea Quintana ကတော့ မြောက်ကိုရီးယား အပေါ် နိုင်ငံတကာက အရေးယူ ဒဏ်ခတ်တာဟာ နိုင်ငံအတွက် လူ့အခွင့်ရေးဆိုင်ရာကိုပါ မရည်ရွယ်ပဲ ထိခိုက်စေနိုင်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်ရေးကော်မတီကို ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယား လူ့အခွင့်ရေး ဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာတင်သွင်းချိန်မှာ မစ္စတာ Quintana ကအခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား အရာရှိနှင့်အဖွဲ့အစည်းချို့ ကန်ဒဏ်ခတ်
please wait

No media source currently available

0:00 0:00:44 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG