သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယားလက်နက်ဟာ အဖိုးတန်ဓါးတလက်ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင်ပြော


 မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un

မြောက်ကိုရီးယား အစိုးရအပေါ် အမေရိကန်သမ္မတ Donald Trump နဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့က ဖိအား ပေးမှုတွေ ဆက်လက်ပြုလုပ်နေကြချိန်မှာ သူ့နိုင်ငံရဲ့ နျူကလီးယားလက်နက်များ အစီအစဉ်ဟာ ကျူးကျော်ရန်စမှုကို ခုခံကာကွယ် နိုင်ရေးအတွက် အဖိုးတန်တဲ့ဓါးတလက် ဖြစ်တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင်Kim Jong Un က ပြတ်သားစွာ ပြောဆို လိုက်ပါတယ်။

မြောက်ကိုရီယား ခေါင်းဆောင် Kim က နိုင်ငံရဲ့ သြဇာကတိက ကြီးမားတဲ့ အလုပ်သမားပါတီ ဗဟိုကော်မတီကို စနေနေ့က ပြောဆိုရာမှာ နျူကလီးယားလက်နက်တွေဟာ နိုင်ငံရဲ့ အချုပ်အခြာအာဏာ တည်တံ့စေဖို့အတွက်နဲ့ သူ့ရဲ့ အဆိုအရ အမေရိကန်နယ်ချဲ့တွေရဲ့ ကာလရှည်ကြာ နျူကလီးယား ခြိမ်းခြောက်နေမှုတွေကို ဟန့်တားဖို့မှာ အားကောင်းတဲ့ အဟန့်အတား ဖြစ်တယ်လို့ ပြောဆိုကြောင်း နိုင်ငံပိုင် မီဒီယာမှာ ဖေါ်ပြထားပါတယ်။

ဒါပေမယ့် မြောက်ကိုရီးယားနိုင်ငံအနေနဲ့ အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံအပါဝင် တခြား နိုင်ငံတွေနဲ့ ရင်ဆိုင်ဖို့ ကြိုးပမ်းနေရတဲ့ သူ့နိုင်ငံရဲ့ နျူကလီးယား လက်နက် တည်ဆောက်ရေးကိစ္စကြောင့် နိုင်ငံတကာရဲ့ အခြေအနေတွေကို ရှုပ်ထွေးမှုတွေ ဖြစ်စေတဲ့အကြောင်း မြောက်ကိုရီးယားခေါင်းဆောင် Kim က အသိအမှတ်ပြု ပြောဆိုပါတယ်။

သူ့နိုင်ငံရဲ့ နိုင်ငံခြားပို့ကုန်နဲ့ ဝင်ငွေထိခိုက်အောင် ကုလသမဂ္ဂ က အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်နေချိန်မှာ မြောက်ကိုရီးယား နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှု ရှိစေရေး အတွက် ဆက်လက် ကျိုးပမ်းလုပ်ဆောင်သွားမှာ ဖြစ်တဲ့အကြောင်း ကင်မ် ကပြောပါတယ်။ အခြေအနေတွေ တင်းမာ ခက်ထန်နေချိန်မှာ မြောက်ကိုရီးယားနိုင်ငံအနေနဲ့ တုန်လှုပ်ဖွယ်ရာတွေ ရင်ဆိုင်နေရပေမယ့် စီးပွားရေးကတော့ တိုးတက်မှုရှိနေတယ်လို့ ကင်မ် က ပြောကြားလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG