သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖြေရှင်းရမယ့်ပြဿနာအဖြစ် မြောက်ကိုးရီးယားကို Trump ရှုမြင်


အိမ်ဖြူတော်ကို ရောက်လာတဲ့ ကနေဒါဝန်ကြီးချုပ် Justin Trudeau ကိုကြိုဆိုနေတဲ့ သမ္မတ ဒေါ်နယ်ထရမ့် Oct. 11, 2017.
အိမ်ဖြူတော်ကို ရောက်လာတဲ့ ကနေဒါဝန်ကြီးချုပ် Justin Trudeau ကိုကြိုဆိုနေတဲ့ သမ္မတ ဒေါ်နယ်ထရမ့် Oct. 11, 2017.

သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားဟာ ဖြေရှင်းရမယ့် ပြဿနာတရပ်ဖြစ် တယ်လို့ ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယား အရေးနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီး Rex Tillerson နဲ့ ဘယ်လိုကွဲလွဲမှုတွေ ရှိနေသလဲဆိုတဲ့ မေးခွန်းကို ဖြေကြား ရာမှာ သူ့ရဲ့ ခံစားချက်ဟာ ပိုမိုပြင်းထန် ခိုင်မာကြောင်း ဒါပေမဲ့ သူများတွေ ပြောတာကို နားထောင်မှာ ဖြစ်ကြောင်း၊ သမ္မတ ထရမ့်က ပြောကြား သွားပါတယ်။

နောက်ဆုံးအနေနဲ့ အမေရိကန်ပြည်ထောင်စုအတွက် လုပ်သင့်တဲ့ကိစ္စနဲ့ ကမ္ဘာကြီးအတွက် အမှန်တကယ် လိုအပ်တဲ့ ကိစ္စတွေကို လုပ်ဆောင် သွားမှာ ဖြစ်တယ်လို့လည်း အိမ်ဖြူတော်ရုံးခန်းမှာ ကနေဒါဝန်ကြီးချုပ် Justin Trudeau နဲ့အတူရှိနေစဉ် မစ္စတာ ထရမ့်က ပြောကြားသွား ပါတယ်။ တချိန်ထဲမှာပဲ သမ္မတ ထရမ့်ဟာ အမေရိကန်ပြည်ထောင်စု အတိုက်ခံရရင် မြောက်ကိုရီးယားကို လုံးဝဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်မှုနဲ့အတူ ကိုရီးယားကျွန်းဆွယ်ပေါ်မှာ စစ်စနက်တံကို မီးရှို့ခဲ့တယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက် ပါတယ်။ သမ္မတ ထရမ့်က ဒီစကားကို ပြီးခဲ့တဲ့လက ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ ပြောကြားခဲ့တာပါ။

မစ္စတာထရမ့်အနေနဲ့ မြောက်ကိုရီးယားကို စစ်တိုက်ရမလားဆိုတာ စဉ်းစားနေချိန်မှာပဲ တောင်ကိုရီးယားစစ်တပ်၊ ဂျပန်စစ်တပ်တို့နဲ့အတူ သူ့ရဲ့ အမေရိကန်စစ်တပ်ဟာ ကိုရီးယားကျွန်းဆွယ်ရဲ့ အရှေ့အနောက် ကမ်းရိုးတန်းတွေမှာ ဒုံးကျည်တွေပစ်ခတ်ပြီး စစ်အင်အား ပြသခဲ့ ပါတယ်။

ဖြေရှင်းရမယ့်ပြဿနာအဖြစ် မြောက်ကိုးရီးယားကို Trump ရှုမြင်
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG