သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပရှိ ကန်စစ်ဘက်စခန်းများ လုံခြုံရေးသတိပေးချက်ထုတ်ပြန်


အမေရိကန်-ဥရောပ စစ်အခြေစိုက်စခန်း EUCOM ရုံးချုပ်ရှိရာ ဂျာမနီနိုင်ငံ၊ Stuttgart မြို့က, အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းတခု။(နိုဝင်ဘာ ၂၈၊ ၂၀၀၆)
အမေရိကန်-ဥရောပ စစ်အခြေစိုက်စခန်း EUCOM ရုံးချုပ်ရှိရာ ဂျာမနီနိုင်ငံ၊ Stuttgart မြို့က, အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းတခု။(နိုဝင်ဘာ ၂၈၊ ၂၀၀၆)

'ဥရောပမှာရှိတဲ့အမေရိကန်စစ်ဘက်ပုဂ္ဂိုလ်တွေနဲ့ စစ်အခြေစိုက်စခန်းတွေ အကြမ်းဖက်တိုက်ခိုက်ခံရနိုင်ခြေရှိနေတယ်' ဆိုတဲ့ထောက်လှမ်းရေးသတင်းတွေကြောင့် လုံခြုံရေးသတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ စစ်စခန်းတွေမှာ Force Protection Condition ကာကွယ်ရေးသတိပေးချက်တွေထုတ်ပြန်ထားတယ်လို့ အမေရိကန်-ဥရောပ စစ်အခြေစိုက်စခန်း EUCOM ကအမေရိကန် ကာကွယ်ရေးအရာရှိတဦးက ဗွီအိုအေကို တနင်္လာနေ့မှာ အတည်ပြုပြောဆိုပါတယ်။

ထောက်လှမ်းရေးသတင်းပါအချက်တွေနဲ့ပတ်သက်လို့တော့ အဲဒီအရာရှိက ပြောမသွားပါဘူး။ နိုင်ငံအတော်များများက အကြမ်းဖက်မှုတန်ပြန်ခြေမှုန်းရေးအရာရှိတွေကလည်း မကြာခင်ကျင်းပတော့မယ့် ပြင်သစ်အိုလံပစ်ပွဲတော်ကာလတဝိုက်နဲ့ စစ်အခြေစိုက်စခန်းတွေအပေါ် ခြိမ်းခြောက်မှုတွေတိုးလာတယ်လို့ သတိပေးထားတာပါ။ EUCOM က တနင်္လာနေ့ထုတ်ပြန်ချက်မှာတော့ ခြိမ်းခြောက်မှုတခုတည်းကြောင့်မဟုတ်ဘဲ ဘက်ပေါင်းစုံအခြေအနေတွေကိုထည့်သွင်းစဥ်းစားပြီးမှ ခုလို လုံခြုံရေးတိုးမြှင့်ထားရတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဥရောပဖလားနဲ့ အိုလံပစ်အားကစားပွဲတော်အပါအဝင် လူတွေလာရောက်စုဝေးကြမယ့် ပွဲတော်တွေရှိနေသလို ဥရောပစစ်ဘက်အခြေစိုက်စခန်းအတော်များများမှာ ခြိမ်းခြောက်မှုတွေတိုးလာတဲ့အတွက်လုံခြုံရေးတိုးမြှင့်ခဲ့တာဖြစ်တယ်လို့ ကြေညာချက်မှာ ပြောထားပါတယ်။ အမေရိကန်ကာကွယ်ရေးအရာရှိကလည်း စစ်ဘက်တပ်ဖွဲ့ဝင်တွေအနေနဲ့ အလုပ်ချိန်မှာရော အားလပ်ချိန်မှာပါ သတိမပြတ်ထားဖို့ ပိုမို ဆောင်ရွက်ထားကြတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့လက Recorded Future ဆိုင်ဘာလုံခြုံရေးအဖွဲ့က ထုတ်ပြန်တဲ့အစီရင်ခံစာမှာတော့ ကွန်ပျူတာစနစ်တွေထဲ ထိုးဖောက်တိုက်ခိုက်ခံရနိုင်ခြေတိုးလာနေတဲ့အပြင် ပြင်သစ်အိုလံပစ်ပွဲအတွက် အကြီးဆုံးခြိမ်းခြောက်မှုအဖြစ် အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်ခြေရှိတာကို ဖော်ပြထားပါတယ်။

ဥရောပရှိ ကန်စစ်ဖက်စခန်းများ လုံခြုံရေးသတိပေးချက်ထုတ်ပြန်
please wait

No media source currently available

0:00 0:00:51 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG