သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်စစ်စခန်း ကန်ကူညီမည်


ဖိလစ်ပိုင် စစ်တပ်
ဖိလစ်ပိုင် စစ်တပ်

အမေရိကန်တပ်တွေ ဖိလစ်ပိုင်မှာ ရှိနေမှုကို မလိုလားတဲ့ ဖိလစ်ပိုင် သမ္မတ Rodrigo Duterte ကြောင့် တင်းမာမှုတွေဖြစ်နေတဲ့ နိုင်ငံ ၂ နိုင်ငံကြား မဟာမိတ်အဖြစ်ကို တိုးမြှင့်တဲ့အနေနဲ့ အမေရိကန် ပြည်ထောင်စုက ဒီနှစ်ထဲမှာပဲ ဖိလစ်ပိုင် စစ်တပ်အခြေစိုက်စခန်းတွေကို အဆင့်မြှင့်တည်ဆောက်ပေးသွားမယ် ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးက ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

၂၀၁၄ ခုနှစ် သဘောတူညီချက်ဖြစ်တဲ့ EDCA ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး သဘောတူညီချက် အစိတ်အပိုင်းတခု အဖြစ် ဒါကို စလုပ်ဖို့ ပင်တာဂွန် အမေရိကန် စစ်ဌာနချုပ်က ခွင့်ပြုခဲ့တာဖြစ်ပြီး EDCA ဟာ အခုထိ အသက်ဝင်နေသေးတယ်လို့ ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး Delfin Lorenzana က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

EDCA သဘောတူညီချက်ထဲမှာ ဖိလစ်ပိုင်က စစ်အခြေစိုက်စခန်း ၅ ခုမှာ အမေရိကန်တပ်တွေ၊ သဘောၤတွေနဲ့ လေယာဉ်တွေ အလှည့်ကျ ချထားမှုကို တိုးချဲ့ဖို့ ခွင့်ပြုထားတဲ့အပြင် လူသားချင်းစာနာမှုဆိုင်ရာနဲ့ ရေကြောင်းလုံခြုံရေးဆိုင်ရာ လုပ်ငန်းတွေအတွက် ပစ္စည်းကရိယာတွေ သိုလှောင်ထားခွင့်လည်း ရှိပါတယ်။

အဲဒီ စခန်း ၅ ခုစလုံးမှာ အမေရိကန်ဘက်က ကုန်လှောင်ရုံတွေ၊ စစ်တန်းလျားတွေနဲ့ လေယာဉ်ပြေးလမ်းတွေကို တည်ဆောက်ပေးဖို့ ကတိပေးထားတယ်လို့ Lorenzana က ပြောပါတယ်။ ဒါ့အပြင် ဒီလို ကတိပေးချက်တွေနဲ့ စီမံချက်တွေကို သမ္မတ Duterte က သိရှိထား ကြောင်းနဲ့ လက်ရှိ အမေရိကန်နဲ့ ထားရှိတဲ့ သဘောတူညီချက်တွေ အားလုံးကို လေးစားဖို့လည်း သူက ကတိပေးခဲ့ကြောင်း ပြောပါတယ်။

ဒီသီတင်းပါတ်ထဲမှာပဲ အထက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များ ဆိုင်ရာ ကော်မတီ အကြီးအကဲ ဖြစ်တဲ့ ရီပါတ်ဘလစ်ကင် အထက်လွှတ်တော်အမတ် John McCain က အမေရိကန်တပ်တွေနဲ့ အာရှ ပစိဖိတ်ဒေသက မိတ်ဆွေနိုင်ငံတွေအတွက် စစ်ရေးရံပုံငွေ ဒေါ်လာ ၇ ဘီလျံခွဲချထားပေးဖို့ အဆိုပြုခဲ့ပါတယ်။

ဖိလစ်ပိုင် စစ်စခန်း ကန်ကူညီမည်
please wait

No media source currently available

0:00 0:01:25 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG