သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်ကို လက်နက်ရောင်းချမှု ကန် ယာယီဆိုင်းငံ့


အမေရိကန်ထုတ်လက်နက်များ
အမေရိကန်ထုတ်လက်နက်များ

ဖိလစ်ပိုင်နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးဆောင်ရွက်မှုတွေမှာ အမေရိကန်က ပေး ထားတဲ့ ကတိအတိုင်း ကူညီမှာဖြစ်ပေမဲ့ ဖိလစ်ပိုင်အစိုးရအနေနဲ့ လူ့အခွင့်အရေး ကို လေးစားလိုက်နာအောင်လည်း လုပ်ဖို့လိုတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဌာန ပြောခွင့်ရသူက အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။ ဖိလစ်ပိုင်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ တရားစီရင်ခြင်းမရှိသတ်ဖြတ်မှုတွေဖြစ်နေတယ်ဆိုတဲ့ သတင်းေ တွကြောင့် အမေရိကန်က ဖိလစ်ပိုင် ရဲတပ်ဖွဲ့အတွက် မောင်းပြန်သေနတ် အလက်ေ ပါင်း ၂ သောင်း ၆ ထောင်ရောင်းချမဲ့ အစီအစဉ်ကို အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေးကော်မတီဝင် အမတ် Ben Cardin ကကန့်ကွက်ခဲ့ပြီးနောက် ရောင်းချ မှုကို ဆိုင်းထားတယ်လို့ လွှတ်တော်သတင်းရပ်ကွက်ကို ကိုးကားပြီး Reuters သတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒီကိစ္စကို နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ John Kirby ကမငြင်းဆန်သလို အတည် ပြုခြင်းလည်း မရှိပါဘူး။ မဟာ မိတ်နိုင်ငံတွေအတွက် လုံခြုံရေးအကူ အညီတွေေ ပးတဲ့နေရာမှာ နိုင်ငံခြားရေးဌာနက လွှတ်တော်နဲ့ အနီးကပ် လက်တွဲဆောင်ရွက် ပါတယ်လို့ Kirby ကဆိုခဲ့ပါတယ်။ တိုက်ရိုက် စီးပွားဖြစ်အရောင်း အဝယ်လုပ်ဖို့ အတွက် နိုင်ငံခြားအစိုးရနဲ့ အရောင်းအဝယ်ကိစ္စညှိုနှိုင်းပြီးသွားပြီဆိုရင် အမေရိကန် ကုမ္ပဏီတွေက နိုင်ငံခြားရေးဌာနရဲ့ နိုင်ငံရေးနဲ့ စစ်ရေးဆိုင်ရာ ဗြူရိုကို ခွင့်ပြုချက်ေ တာင်းခံရပါတယ်။ အမေရိကန်အစိုးရက လွှတ်တော်နဲ့ တိုင်ပင်ညှိုနှိုင်းပြီးမှာ အရောင်းအဝယ်ကို ခွင့်ပြုရတာဖြစ်ပါတယ်ရှင်။

ဖိလစ်ပိုင်ကို လက်နက်ရောင်းချမှု ကန် ယာယီဆိုင်းငံ့
please wait

No media source currently available

0:00 0:00:43 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG