သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံနဲ့ ရေပိုင်နက် အငြင်းပွားမှု ဖိလစ်ပိုင်အနိုင်ရ


ရေပိုင်နက် အငြင်းပွားမှု ဖိလစ်ပိုင် အနိုင်ရတာကြောင့် ဖိလစ်ပိုင်နိုင်ငံသားများအောင်ပွဲခံနေစဉ်
ရေပိုင်နက် အငြင်းပွားမှု ဖိလစ်ပိုင် အနိုင်ရတာကြောင့် ဖိလစ်ပိုင်နိုင်ငံသားများအောင်ပွဲခံနေစဉ်

တောင်တရုတ်ပင်လယ်ပြင် တခုလုံးနီးပါးကို သူပိုင်တယ်လို့ တရုတ်ဘက်က ကြွေးကြော်နေသလို သမိုင်းတလျှောက် ပိုင်ဆိုင်တယ်ဆိုတဲ့ အထောက်အထားတော့ မရှိဘူးလို့ အငြင်းပွားမှုတွေကို ဖြေရှင်းတဲ့ ကုလသမဂ္ဂရဲ့ နိုင်ငံတွေကြား အငြင်းပွားမှုဖြေရှင်းရေး ခုံသမာဓိအဖွဲ့က ဒီကနေ့ သမိုင်းဝင် ဆုံးဖြတ်ချက် တရပ် ချမှတ်လိုက်ပါတယ်။

တရုတ်အစိုးရဟာ ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကုလသမဂ္ဂ သဘောတူညီချက်ကို ချိုးဖောက်ပြီး ဖိလစ်ပိုင် ကမ်းရိုးတန်းကနေ ၂၂၅ ကီလိုမီတာ အကွာလောက်မှာရှိတဲ့ Scarborough ကျွန်းစုတွေပေါ်မှာ ရန်လိုတဲ့အပြုအမူတွေ လုပ်ဆောင် နေတယ်လို့ စွပ်စွဲပြီး ဖိလစ်ပိုင်အစိုးရက The Hague မြို့အခြေစိုက် အငြင်းပွားမှုဖြေရှင်းရေး နိုင်ငံတကာ တရားရုံးကို ၂၀၁၃ ခုနှစ်မှာ တိုင်ကြားစာပို့ခဲ့တာပါ။

ဒါကြောင့် နိုင်ငံတကာ တရားရုံးရဲ့ ဒီကနေ့ ဆုံးဖြတ်ချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။ တရုတ်သမ္မတ Xi Jinping ကတော့ ဒီဆုံးဖြတ်ချက်ကို ပယ်ချလိုက်ပြီး၊ တောင်တရုတ်ပင်လယ်ပြင်အတွင်း တရုတ်နိုင်ငံရဲ့ နယ်မြေ အချုပ်အချာ ပိုင်ဆိုင်မှုနဲ့ ရေကြောင်းဆိုင်ရာ အကျိုးစီးပွားအပေါ်မှာ အခုဆုံးဖြတ်ချက်က ဘယ်လို သက်ရောက်မှုမှ ရှိမှာမဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကုလသမဂ္ဂသဘောတူညီချက်အရ တိုင်းပြည်တခုရဲ့ ရေပြင် နယ်နိမိတ်ကို ကမ်းရိုးတမ်းကနေ ၂၂ ကီလိုမီတာ အထိ သတ်မှတ်ပေးထားပြီး စီးပွားရေးအရ လုပ်ဆောင်မှုတွေ ကိုတော့ ကမ်းရိုးတန်းကနေ ၃၇၀ ကီလိုမီတာ ပတ်ဝန်းကျင်အထိ လုပ်ဆောင်ခွင့် ရှိတယ်လို့ သတ်မှတ် ထားတာကြောင့် တောင်တရုတ် ပင်လယ်ပြင် တခုလုံးနီးပါးကို သူ ပိုင်တယ်လို့ တရုတ်အစိုးရက ပြောဆိုနေတာဟာ ကုလသမဂ္ဂရဲ့ ဒီသဘောတူညီချက်နဲ့ ကိုက်ညီမှုမရှိဘူးလို့ နိုင်ငံတကာ တရားရုံးက ပြောဆိုထားပါတယ်။ ဒီသမိုင်းဝင် ဆုံးဖြတ်ချက်ကို ဖိလစ်ပိုင်အစိုးရက ကြိုဆိုကြောင်း ဆုံးဖြတ်ချက်ထွက်လာပြီး အချိန်ပိုင်းအတွင်းလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ကပြောသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG