သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတဝန်း စစ်ရေးရပ်တည်ချက် အမေရိကန် နောက်ဆုတ်မည်မဟုတ်


ဂျာမနီနိုင်ငံ၊ Stuttgart မြို့ရှိ အမေရိကန်-ဥရောပ ကွပ်ကွဲမှုဦးစီးဌာနချုပ်တွင် သတင်းထောက်များကို ဖြေကြားနေသည့် ဝန်ကြီး Pete Hegseth။ (၁၁ ဖေဖော်ဝါရီ ၂၀၂၅)​ (AP)
ဂျာမနီနိုင်ငံ၊ Stuttgart မြို့ရှိ အမေရိကန်-ဥရောပ ကွပ်ကွဲမှုဦးစီးဌာနချုပ်တွင် သတင်းထောက်များကို ဖြေကြားနေသည့် ဝန်ကြီး Pete Hegseth။ (၁၁ ဖေဖော်ဝါရီ ၂၀၂၅)​ (AP)

သမ္မတထရမ့်က တကမ္ဘာလုံးဆိုင်ရာ အမေရိကန်နိုင်ငံရဲ့ စစ်ရေးအနေအထား ပြန်လည်သုံးသပ်တာကို နောက်ဆုတ်သွားပြီလို့ ကောက်ချက်ဆွဲကြမယ်ဆိုရင်တော့ ကမ္ဘာ့ခေါင်းဆောင်တွေ မှားရာကျလိမ့်မယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth က ပြောလိုက်ပါတယ်။

တဆက်တည်းမှာပဲ ယူကရိန်းမှာ ငြိမ်းချမ်းရေး မြန်မြန်ရဖို့ သမ္မတထရမ့်က တွန်းအားပေးနေတာဟာ အမေရိကန်ရဲ့ အရင်းအမြစ်တွေကို အင်ဒိုပစိဖိတ်ဒေသမှာ တရုတ်ရဲ့ ရန်များလာတာကို ရင်ဆိုင်ချထားဖို့ ဖြစ်တယ်လို့လည်း အမေရိကန် ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

ဂျာမနီနိုင်ငံ၊ စတူးဂတ်မြို့မှာ အင်္ဂါနေ့က သတင်းထောက်တွေကို Hegseth က ခုလို ပြောခဲ့တာပါ။ စတူးဂတ်မြို့မှာရှိတဲ့ အမေရိကန်စစ်တပ်ရဲ့ ဥရောပနဲ့ အာဖရိက စစ်ဌာနချုပ်တွေကို အမေရိကန် ကာကွယ်ရေးဝန်ကြီးဟာ ပထမဆုံး ဝင်ရောက် ရပ်နားခဲ့တာ ဖြစ်ပါတယ်။

"ကွန်မြူနစ် တရုတ်က ရည်မှန်းချက် ကြီးမား ခိုင်မာတာ သံသယရှိစရာ မလိုပါဘူး၊ သူတို့အမြင်က ကျနော်တို့ ကမ္ဘာ့အမြင်နဲ့ လုံးဝ ခြားနားပါတယ်။ အဲဒီမှာ ဘယ်သူက ဒီတာဝန်ကို ယူမလဲဆိုတာက ၂၁ ရာစုရဲ့ အခြေအနေကို ဖန်တီးပါလိမ့်မယ်" လို့ သတင်းထောက်တွေကို အမေရိကန် ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တွေမှာ ကျင်းပမယ့် မြောက်အတ္တလန်တိတ် စစ်ရေးစာချုပ်အဖွဲ့ နေတိုး ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးနဲ့ ယူကရိန်းကာကွယ်ရေး ဆက်သွယ်ရေးအုပ်စု အစည်းအဝေးတွေကို ဟက်ဆဂ်က တက်ရောက်မှာပါ။

ဥရောပ စိန်ခေါ်ချက်တွေအတွက် ဥရောပကပဲ ပိုမို ခေါင်းဆောင်မှု တာဝန်ယူပြီး ကာကွယ်ရေး အသုံးစားရိတ် မြှင့်တင်ဖို့ ဟက်ဆဂ်က ဒီ အစည်းအဝေးတွေမှာ ပြောလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။

"ကိုယ့်အိမ်နီးချင်း ကိုယ် ကာကွယ်ကြတာပေါ့၊ ဒီအခါ အမေရိကန်က ခင်ဗျားတို့နဲ့အတူ ခင်ဗျားတို့ ကာကွယ်နေတာကို ကူညီပါမယ်" လို့ သူက ပြောပါတယ်။

ကမ္ဘာတဝန်း စစ်ရေးရပ်တည်ချက် အမေရိကန် နောက်ဆုတ်မည်မဟုတ်
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG