သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေစွမ်းအင်မရလို့ ကန် လဆင်းယာဉ်လုပ်ငန်းရပ်ဆိုင်းဖွယ်ရှိနေ


အမေရိကန် ပုဂ္ဂလိက လဆင်းယာဥ်ငယ်က ဆင်းသက်ရမယ့်နေရာကို ချဥ်းကပ်နေချိန် ရိုက်ကူးထားပြီး ဆင်းသက်ပြီး ၃၅ စက္ကန့်အကြာမှာ မြေပြင်ကိုပြန်လည်ပေးပို့ထားတဲ့ ဓာတ်ပုံ။ (ဖေဖော်ဝါရီ ၂၆၊ ၂၀၂၄)
အမေရိကန် ပုဂ္ဂလိက လဆင်းယာဥ်ငယ်က ဆင်းသက်ရမယ့်နေရာကို ချဥ်းကပ်နေချိန် ရိုက်ကူးထားပြီး ဆင်းသက်ပြီး ၃၅ စက္ကန့်အကြာမှာ မြေပြင်ကိုပြန်လည်ပေးပို့ထားတဲ့ ဓာတ်ပုံ။ (ဖေဖော်ဝါရီ ၂၆၊ ၂၀၂၄)

လကမ္ဘာရဲ့တောင်ဝင်ရိုးစွန်းအနီးမှာ ဘေးတိုက်ဆင်းသက်ခဲ့တဲ့ အမေရိကန်ပုဂ္ဂလိက လဆင်းယာဥ်ဟာ အင်္ဂါနေ့မှာတော့ အလုပ်လုပ်နိုင်တော့မှာ မဟုတ်ဘူးလို့ယူဆရပါတယ်။ အင်္ဂါနေ့လောက်ဆိုရင် Odysseus လဆင်းယာဥ်ရဲ့ ဆိုလာပြားတွေပေါ် နေရောင်ခြည်ကျရောက် နိုင်တော့မှာမဟုတ်ဘူးလို့ အာကာသယာဥ်တွေတည်ဆောက်ပျံသန်းနေတဲ့ Huston မြို့အခြေစိုက် Intuitive Machines ကုမ္ပဏီက တနင်္လာနေ့မှာ ပြောပါတယ်။

လဆင်းယာဥ်ကပေးပို့လာမဲ့ ဒေတာအချက်အလက်တွေကို အမေရိကန်အာကာသစူးစမ်းလေ့လာရေးဌာန NASA နဲ့ အခြားအဖွဲ့တွေကတော့ မျှော်လင့်နေတာပါ။ ဆိုလာပြားမှာနေရောင်ခြည်မရတော့တဲ့အတွက် သတ်မှတ်ထားတဲ့အချိန်ထက် ၂ ရက် ၃ ရက်စောပြီး Odysseus ရဲ့ လုပ်ငန်းတွေရပ်သွားတာလည်းဖြစ်ပါတယ်။

နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအနေနဲ့ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကပဲ လကမ္ဘာပေါ် Odysseus ဆင်းသက်ခဲ့တာဖြစ်ပါတယ်။ NASA က ထုတ်ပြန်တဲ့ ဂြိုဟ်တုဓာတ်ပုံတွေအရ Odysseus ယာဥ်ဟာ သတ်မှတ်ထားတဲ့နေရာနဲ့ ၂ ကီလိုမီတာအကွာလောက်မှာ ဆင်းသက်ခဲ့တာလည်းဖြစ်ပါတယ်။

နေစွမ်းအင်မရလို့ ကန် လဆင်းယာဉ်လုပ်ငန်း ရပ်ဆိုင်းဖွယ်ရှိနေ
please wait

No media source currently available

0:00 0:00:55 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG