သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NASA လဆင်းယာဉ် Blue Origin တည်ဆောက်ခွင့်ရ


NASA Administrator Bill Nelson announces Blue Origin as the company selected to develop a sustainable human landing system for the Artemis V moon mission, at the Mary W. Jackson NASA Headquarters building in Washington, May 19, 2023.
NASA Administrator Bill Nelson announces Blue Origin as the company selected to develop a sustainable human landing system for the Artemis V moon mission, at the Mary W. Jackson NASA Headquarters building in Washington, May 19, 2023.

NASA လဆင်းယာဉ် Blue Origin တည်ဆောက်ခွင့်ရ

၂၀၂၉ ခုနှစ်ရောက်ရင် လကမ္ဘာပေါ်ကို လူသားတွေ ဆင်းသက်နိုင်မယ့် Artemis 5 ခရီးစဉ်အတွက် အာကာသယာဉ် တည်ဆောက်ခွင့်ကို Amazon သူဌေးကြီး Jeff Bezos ပိုင်ဆိုင်တဲ့ Blue Origin ကုမ္ပဏီကို လုပ်ပိုင်ခွင့် ပေးလိုက်ကြောင်း အမေရိကန် အာကာသ သိပ္ပံအေဂျင်စီ NASA က သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။

ဒါဟာ အာကာသယာဉ်မှူးတွေ လပေါ်ဆင်းသက်နိုင်မယ့် အာကာသယာဉ် တည်ဆောက်ဖို့ Blue Origin ရဲ့ဒုတိယ ကြိုးပမ်းမှု ဖြစ်ပြီး လွန်ခဲ့တဲ့ ၂ နှစ်တုန်းကတော့ Elon Musk ပိုင်ဆိုင်တဲ့ SpaceX ကုမ္ပဏီကို NASA က တည်ဆောက်ခွင့် ကန်ထရိုက်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် Space X က NASA ရဲ့ လူ လိုက်ပါ ဆင်းသက်နိုင်မယ့် အာကာသယာဉ် Artemis 3 နဲ့ Artemis 4 ကို တည်ဆောက်ပေးခဲ့တာပါ။

ဒေါ်လာ(၃.၄)ဘီလျံ တန်ဖိုးရှိတဲ့ ဒီစီမံကိန်းအရ ၊ လ မျက်နှာပြင်ပေါ်ကို လူသားတွေ အောင်မြင်စွာ ဆင်းသက်နိုင်ဖို့ လိုအပ်တဲ့စနစ်အတွက် NASA က သတ်မှတ်ထားတဲ့ လိုအပ်ချက်အတိုင်း ပြည့်မီအောင် Blue Origin ကုမ္ပဏီဘက်က လုပ်ဆောင်ပေးရမှာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ NASA အကြီးအကဲ Bill Nelson ကပြောပါတယ်။

Blue Origin အနေနဲ့ အာကာသဒုံးယာဉ် ဒီဇိုင်း၊ ပြီးစီးအောင် တည်ဆောက်မှု၊ စမ်းသပ်ပျံသန်းမှုနဲ့ နောက်ဆုံးအဆင့် စစ်ဆေးအတည်ပြုနိုင်တဲ့ အဆင့်တွေအထိ လုပ်ပြရမှာဖြစ်ပါတယ်။

လတ်တလော Blue Origin ကုမ္ပဏီကို ပေးလိုက်တဲ့ ကန်ထရိုက်အရ အာကာသယာဉ်မှူးတွေ အများကြီး လိုက်ပါနိုင်ဖို့နဲ့ အာကာသထဲ တာရှည်စူးစမ်းလေ့လာနိုင်မယ့် အခြေအနေမျုးိဖြစ်အောင် အာကာသယာဉ်ကို တည်ဆောက်ပေးဖို့ အချက်တွေပါဝင်ပါတယ်။

XS
SM
MD
LG