သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂြိုဟ်ငယ်တခု ကမ္ဘာမြေနဲ့ အနီးဆုံးကဖြတ်သန်း


This diagram made available by NASA shows the estimated trajectory of asteroid 2023 BU, in red, affected by the earth's gravity, and the orbit of geosynchronous satellites, in green.
This diagram made available by NASA shows the estimated trajectory of asteroid 2023 BU, in red, affected by the earth's gravity, and the orbit of geosynchronous satellites, in green.

[[Zawgyi/Unicode]]

အာကာထဲက ဂြိုဟ်သိမ်ဂြိုဟ်မွှားတခုဟာ ကြာသပတေးနေ့မှာ ကမ္ဘာကနေ မိုင် ၇၀ လောက်ပဲကွာဝေးတဲ့နေရာအထိကပ်ပြီး ဖြတ်သန်းသွားမှာဖြစ်ကြောင်း အမေရိကန်အာကာသစူးစမ်းရေးအဖွဲ့ NASA က သတင်းထုတ်ပြန်ပါတယ်။ အာကာသဂြိုဟ်ငယ်ဟာ ကမ္ဘာရဲ့လည်နှုန်းအတိုင်း ပတ်နေတဲ့ ဂြိုဟ်တုတွေသွားတဲ့လမ်းကြောင်းထဲ ရောက်လာမှာ ဖြစ်ပါတယ်။

ဒီဂြိုဟ်ငယ်ကို ၂၀၂၃ BU လို့ နာမည်ပေးထားပြီး သူဟာ ကမ္ဘာအတွက် အန္တရာယ်မပေးနိုင်ဘူးလို့လည်း NASA က သူ့ဝက်ဘ်ဆိုက်မှာ တင်ပြထားတာပါ။ တကယ်လို့ ကမ္ဘာ့လေထုထဲကိုဝင်လာခဲ့ရင်လည်း မီးလောင်ပျက်စီးသွားမှာဖြစ်ပြီး ဥက္ကာပျံအပိုင်းအစ အငယ်လေးတွေအဖြစ်သာ မြေကမ္ဘာကို ရောက်လာနိုင်ခြေရှိတယ်လို့လည်း ပြောပါတယ်။

အချင်း ၁၁ ပေကနေ ၂၈ ပေလောက်သာရှိတဲ့ ဂြိုဟ်ငယ်ဟာ ကမ္ဘာနဲ့ အနီးဆုံးကို ရောက်လာတဲ့ ဂြိုဟ်အဖြစ်နဲ့လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

အမေရိကန် အရှေ့ဘက်ခြမ်း စံတော်ချိန် ည ၇ နာရီခွဲလောက်မှာ တောင်အမေရိကတိုက် တောင်ပိုင်းကနေ ဖြတ်သွားမယ့် ဂြိုဟ်ငယ်ကိုတော့ အားကြီးတဲ့မှန်ပြောင်းနဲ့ကြည့်မှပဲမြင်နိုင်မယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ကမ္ဘာမြေအနီး ဂြိုဟ်ငယ်ကပ်လာတာကို ခရိုင်းမီးယားက Nauchnyi အာကာသမျှော်စင်မှာ တာဝန်ထမ်းဆောင်နေတဲ့ အပျော်တမ်း နက္ခတ္တဗေဒပညာရှင် Gennadiy Borisov က စနေနေ့မှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

=

တိုက်ရိုက် လင့်ခ်

================

ဂွိုဟျငယျတခု ကမ်ဘာမွနေဲ့ အနီးဆုံးကဖွတျသနျး






XS
SM
MD
LG