သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်္ဂါဂြိုဟ်ရောက် NASA အာကာသယာဉ် အောက်စီဂျင်ထုတ်လုပ်မှု အောင်မြင်


(Zawgyi / Unicode)

အမေရိကန် အာကာသ လေ့လာစူးစမ်းရေးဌာန NASA က အင်္ဂါဂြိုဟ်ပေါ် လွှတ်တင်ထားတဲ့ Perseverance ယာဉ်ဟာ အောက်စီဂျင်ဓာတ်ငွေ့ကို ၁ နှစ်ကျော်ကြာ ကောင်းမွန်အောင်မြင်စွာ ထုတ်လုပ်နိုင်ပြီး ဆက်လက် တာဝန်ထမ်းဆောင် သွားနိုင်လိမ့်မယ်လို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ သိပ္ပံစာစောင်ထဲမှာ ဖေါ်ပြထားပါတယ်။

အင်္ဂါဂြိုဟ်ပေါ်မှာ အောက်စီဂျင်ဓာတ်ငွေ့ စမ်းသပ်ထုတ်လုပ်ရေး စီမံချက် MOXIE ကိုလေ့လာခဲ့တဲ့ မက်ဆာချူးဆက်ပြည်နယ် နည်းပညာ ဌာနကနေ သိပ္ပံစာစောင်မှာ ရေးသားဖေါ်ပြခဲ့တာပါ။

အင်္ဂါဂြိုဟ်ပေါ်ကို Perserverance လို့အမည်ပေးထားတဲ့ ယာဉ်ဆင်းသက်ပြီး ၂ လအကြာ ဧပြီလ ၂၀၂၁ ခုနှစ်မှာ ဒီ အောက်စီဂျင်ထုတ်လုပ်တဲ့ စက်ကို စတင်ခဲ့တာဖြစ်ပါတယ်။ အင်္ဂါဂြိုဟ်ရဲ့ ရာသီဥတုအမျိုးမျိုး ပတ်ဝန်းကျင် အမျိုးမျိုးမှာ နေ့ဘက်မှာရော ညဘက်မှာပါ စမ်းသပ်ထုတ်လုပ်မှု ၇ ကြိမ်ပြုလုပ်ခဲ့ပြီး ရည်မှန်းထားတဲ့ အောက်စီဂျင် အတိုင်းအတာကို ထုတ်လုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီစက်ဟာ ကမ္ဘာမြေပြင်က သစ်ပင်တပင်လို အောက်စီဂျင်ထုတ်လုပ် နိုင်ပါတယ်။

သစ်ပင်ပေါင်း ရာနဲ့ချီတဲ့ အတိုင်းအတာနဲ့ ညီမျှတဲ့ အောက်စီဂျင်ထုတ်လုပ်တဲ့ စက်တွေကို အင်္ဂါဂြိုဟ်ပေါ်ကို ဆက်လက် တင်ပို့သွားမှာဖြစ်ပြီး အင်္ဂါဂြိုဟ်ပေါ်ကို လူတွေမရောက်မီ အောက်စီဂျင်တွေကို ကြိုတင်ထုတ်လုပ်ထားမှာ ဖြစ်ပါတယ်။ လူတွေရောက်တဲ့အခါ အောက်စီဂျင်ကို အသုံးပြုနိုင်သလို အာကာသယာဉ်ရဲ့ အပြန်အခရီးအတွက် လောင်စာအဖြစ်လည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဒီရည်မှန်းချက်အတွက် အခုပြုလုပ်တဲ့ အောက်စီဂျင် စမ်းသပ်ထုတ်လုပ်မှု MOXIE ဟာ ပထမအဆင့်ဖြစ်ပါတယ်။ ဒီစမ်းသပ်မှုဟာ အင်္ဂါဂြိုဟ်ပေါ်က အရာတွေကို အသုံးပြုပြီးတော့ဘဲ ထုတ်လုပ်တဲ့ ပထမဆုံး စမ်းသပ်မှုလည်း ဖြစ်ပါတယ်လို့ လေ့လာခဲ့တဲ့ MIT နည်ပညာဌာနက ဒေါက်တာ Michael Hecht ကပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)







XS
SM
MD
LG