သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် လွှတ်တော်အမတ်တချို့ ဗုံးနဲ့ ခြိမ်းခြောက်ခံရ


Connecticut ပြည်နယ် လွှတ်တော်အမတ် Jim Himes.
Connecticut ပြည်နယ် လွှတ်တော်အမတ် Jim Himes.

အမေရိကန်ပြည်ထောင်စု Connecticut ပြည်နယ်က Democrat လွှတ်တော်အမတ် ၅ ယောက်ထက် မနည်း ဗုံးခွဲတိုက်ခိုက်ခံရမယ်လို့ မနေ့ ကြာသပတေးနေ့က ခြိမ်းခြောက်ခံခဲ့ရပါတယ်။

အထက်လွှတ်တော်အမတ် Chris Murphy၊ အောက်လွှတ်တော်အမတ်တွေဖြစ်ကြတဲ့ Jim Himes၊ Joe Courtney၊ John Larson နဲ့ Jahana Hayes တို့ရဲ့ အိမ်တွေကို ဗုံးခွဲတိုက်ခိုက်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ရတယ်လို့ သူတို့ ၅ ယောက်လုံးက ပြောပါတယ်။ ခြိမ်းခြောက်မှုကြောင့် သူတို့အားလုံးရဲ့ အိမ်တွေကို ရဲတွေ ရှာဖွေခဲ့ပေမဲ့ ဗုံးနဲ့တိုက်ခိုက်နိုင်တဲ့အထောက်အထား တစုံတရာ မတွေ့ခဲ့ပါဘူး။

ရွေးကောက်ခံသမ္မတ Donald Trump ရွေးချယ်ထားတဲ့ Cabinet ဝန်ကြီးတချို့နဲ့ အရာရှိတချို့ ဗုံးခွဲတ ိုက်ခိုက်မယ်ဆိုတဲ့ခြိမ်းခြောက်မှုတွေ ခံရတယ်လို့ ပြောခဲ့ကြပြီး နောက်တရက်မှာ Democrat အမတ်တွေ ခြိမ်းခြောက်ခံရတာဖြစ်ပါတယ်။မနေ့ ကြာသပတေးနေ့က အမေရိကန်မှာ ကျေးဇူးတော်နေ့ ဖြစ်တာကြောင့် တချို့က ကလေးတွေအပါအဝင် မိသားစုဝင်နဲ့ ညစာစားချိန်မှာ အိမ်ကို ဗုံးခွဲမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ရခဲ့ကြတာဖြစ်တယ်လို့ လွှတ်တော်အမတ်တချို့ကပြောခဲ့ကြပါတယ်။

၂၀၂၅ ဇန်နဝါရီမှာ အာဏာတရားဝင်လွှဲယူမယ့် ရွေးကောက်ခံသမ္မတ Trump ကတော့ သမ္မတဖြစ်လာတာနဲ့ အမေရိကန်ကို အဓိက ကုန်တင်ပို့နေတဲ့ ကနေဒါ၊ မက်ဆီကိုဆီက သွင်းကုန်တွေ အပေါ် အခွန်တွေ ၂၅ ရာခိုင်နှုန်းအထိကောက်ခံမှာဖြစ်သလို တရုတ်သွင်းကုန်တွေအပေါ် ၁၀ ရာခိုင်နှုန်း ထပ်တိုးကောက်ခံမယ်လို့ ပြောထားပါတယ်။ အဲဒီလို သွင်းကုန်ခွန်တွေ တိုးကောက်တာဟာ ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုတွေကို ဖြစ်စေပြီး ဘယ်ဘက်မှ အနိုင်ရမှာ မဟုတ်ဘူးလို့ ၃နိုင်ငံလုံးက တုံ့ပြန်ထားကြပါတယ်။

ကန် လွှတ်တော်အမတ်တချို့ ဗုံးနဲ့ ခြိမ်းခြောက်ခံရ
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG