သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီအရာရှိနဲ့ ကန်သံတမန်တွေ့ဆုံမှုအပေါ် မြန်မာ့အရေးလှုပ်ရှားသူတွေစိုးရိမ်


အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Kritenbrink
အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Kritenbrink

အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Kritenbrink ရဲ့ မကြာသေးခင်က ဗီယက်နမ်ခရီးစဉ်အတွင်း မြန်မာစစ်တပ်က ရေတပ်အကြီးတန်းအရာရှိတဦးနဲ့ တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့အပေါ် စိုးရိမ်တဲ့အကြောင်း မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားနေတဲ့ အရပ်ဖက်အဖွဲ့အစည်း နှစ်ဒါဇင်ကျော်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကို ဒီနေ့ အိတ်ဖွင့်ပေးစာ ပေးပို့ထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူကတော့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kritenbrink ရဲ့ ဗီယက်နမ်ခရီးစဉ်အတွင်း မြန်မာ့အကျပ်အတည်းစိန်ခေါ်ချက်တွေကို ဗီယက်နမ်တာဝန်ရှိသူတွေနဲ့ အပြန်အလှန်ဖလှယ်ဆွေးနွေးခဲ့တယ်ဆိုတာကိုပဲ ပြောဆိုပြီး မြန်မာစစ်တပ် ရေတပ်အကြီးတန်းအရာရှိတဦးနဲ့တွေ့ဆုံခဲ့သလားဆိုတဲ့ VOA မေးခွန်းကိုတော့ ငြင်းဆိုတာ၊ အတည်ပြုတာ မလုပ်ခဲ့ပါဘူး။ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံပတ်သက်လို့ မူဝါဒပြောင်းလဲတာမျိုးမရှိဘဲ မြန်မာစစ်ကောင်စီကိုဖိအားပေးဖို့ သံတမန်ရေးနည်းလမ်းအားလုံးကို အသုံးပြုနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနပြောခွင့်ရသူက ဗွီအိုအေကို ပြောပါတယ်။

မြန်မာပြည်သူတွေကို အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ မတရားဖမ်းထာသူတွေကို လွှတ်ဖို့၊ လူသားချင်းစာနာမှုအကူအညီတွေခွင့်ပြုဖို့၊ မြန်မာလူထုဆန္ဒအတိုင်း ဒီမိုကရေစီဖော်ဆောင်ဖို့အတွက် စစ်ကောင်စီကို ရှင်းရှင်းလင်းလင်း သတင်းစကားပါးထားတယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။ NUG အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကတော့ လူမျိုးသုဉ်းသတ်ဖြတ်မှုအပါအဝင် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရာဇဝတ်မှုတွေကျူးလွန်တဲ့ ရာဇဝတ်သားတွေနဲ့ လက်ဆွဲနှုတ်ဆက်တဲ့အစား ထိရောက်တဲ့ ဥပဒေယန္တရားတွေသုံးပြီး မြန်မာစစ်ကောင်စီကို ဖိအားပေးဖို့ကို ပိုပြီးလိုလားတယ်လို့ ဗွီအိုအေကို ပြောပါတယ်။ တဘက်မှာ တွေ့ဆုံစကားပြောခြင်းအားဖြင့် မူဝါဒပြောင်းတယ်ဆိုတဲ့ သတင်းစကားဖြစ်သွားနိုင်တာကိုလည်း သတိထားသင့်တယ်လို့ VOA ကို တုံ့ပြန်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG