သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ကန်-စင်္ကာပူ မဟာဗျူဟာဆက်ဆံရေး ဆွေးနွေးပွဲမှာ ထည့်သွင်းဆွေးနွေး


အမေရိကန် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒန်နီယဲလ် ခရိုင်တင်ဘရင့် (Daniel Kritenbrink)
အမေရိကန် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒန်နီယဲလ် ခရိုင်တင်ဘရင့် (Daniel Kritenbrink)

စင်္ကာပူနိုင်ငံမှာ ဖေဖော်ဝါရီ ၂၇ ရက်ကကျင်းပတဲ့ ၆ ကြိမ်မြောက် အမေရိကန်-စင်္ကာပူ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးဆွေးနွေးပွဲမှာ အာဆီယံ ဘုံ-သဘောတူညီမှုငါးရပ် အကောင်အထည်ဖော်ဖို့ ထပ်လောင်းတောင်းဆိုတာအပါအဝင် မြန်မာ့အရေး ထည့်သွင်းဆွေးနွေးခဲ့ကြောင်း နှစ်နိုင်ငံ ပူးတွဲထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် အယ်လဘတ် ချူအွာ (Albert Chua) နဲ့ အမေရိကန် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒန်နီယဲလ် ခရိုင်တင်ဘရင့် (Daniel Kritenbrink) တို့က အမေရိကန်-စင်္ကာပူ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ဆွေးနွေးပွဲမှာ ပူးတွဲသဘာပတိအဖြစ် တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။ နှစ်နိုင်ငံ ပူးတွဲသဘာပတိတွေရဲ့ ကြေညာချက်ထဲမှာ အာဆီယံ ဘုံသဘောတူညီမှု ငါးရပ်ကို ထပ်မံအတည်ပြုပြီး အကြမ်းဖက်မှုတွေ ရပ်တန့်ရေး၊ အဓိကပါဝင်ပတ်သက်သူတွေကြား အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ စတင်ဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ မြန်မာနိုင်ငံထဲ အနှောင့်အယှက်မရှိ ပေးပို့နိုင်ရေးလိုအပ်ကြောင်း ထပ်မံတောင်းဆိုခဲ့ပါတယ်။

မြန်မာ့ အကျပ်အတည်းကို အဖြေရှာရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဥ် လွယ်ကူချောမွေ့စေဖို့ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ရာမှာ အမေရိကန်ပြည်ထောင်စုနဲ့ အာဆီယံရဲ့ တခြား ပြင်ပမိတ်ဖက်နိုင်ငံတွေရဲ့ အခန်းကဏ္ဍကို နှစ်ဘက်စလုံးက အလေးပေးဖော်ပြခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲမှာ အမေရိကန်နဲ့ စင်္ကာပူ နှစ်နိုင်ငံ မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး တည်ဆောက်နိုင်ဖို့ နှစ်ဘက် ပူးပေါင်းဆောင်ရွက်နေတဲ့ နယ်ပယ်တွေကို ပြန်လည်သုံးသပ်ပြီး စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့ ဆွေးနွေးခဲ့ကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ နှစ်ဘက်လုံးအတွက်အရေးပါတဲ့ ထွန်းသစ်စ နည်းပညာကဏ္ဍ၊ စွမ်းအင်နဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာနဲ့ ဒေသတခုလုံး စွမ်းဆောင်ရည်မြှင့်တင်ရေးတို့အတွက် ပိုမိုတိုးတက်ကောင်းမွန်လာစေမဲ့ နည်းလမ်းတွေကိုလည်း ဆွေးနွေးခဲ့ကြောင်းလည်း နှစ်နိုင်ငံ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG