သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ ဘုံသဘောတူညီချက် အကောင်အထည်ဖော်ရေး အင်ဒိုနီးရှား ကုလမှာတိုက်တွန်း


ကုလသမဂ္ဂ အထွေထွေညီလာခံမှာမိန့်ခွန်းပြောနေတဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi
ကုလသမဂ္ဂ အထွေထွေညီလာခံမှာမိန့်ခွန်းပြောနေတဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi

မြန်မာ့အရေး ဖြေရှင်းဖို့ အရှေ့တောင်အာရှ နိုင်ငံများအသင်းက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ရေး အင်ဒိုနီးရှားနိုင်ငံက ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တိုက်တွန်းလိုက်ပါတယ်။

“မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်နိုင်ရေးဟာ အဓိကမူအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။ စစ်အာဏာပိုင်တွေ ဒါကို အကောင်အထည် ဖော်ဖို့လည်း တိုက်တွန်းပါတယ်။ မြန်မာပြည်သူတွေကို ပစ်ပယ်မထားဖို့လည်း အာဆီယံက အားသွန်ခွန်စိုက် ကြိုးပမ်းမှာ ဖြစ်ပါတယ်။” လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က မနေ့တုန်းက ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုသွားတာပါ။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ကြီးထွားလာတာကို ဖြေရှင်းဖို့ ရည်ရွယ်ပြီး အာဆီယံအသင်းက ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ခဲ့ပေမဲ့ လက်တွေ့မှာအကောင်အထည် မဖော်နိုင်ပဲ ဖြစ်နေတာကြောင့် အသင်းဝင်နိုင်ငံတချို့အပြင် နိုင်ငံတကာ အသိုင်းအဝိုင်းကြား စိတ်ပျက်နေကြတာပါ။ ဘုံသဘောတူညီချက် အကောင်အထည် ဖော်နိုင်အောင် စစ်ကောင်စီကို ဖိအားပေးဖို့ ကုလသမဂ္ဂ တာဝန်ရှိသူတချို့နဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကလည်း တိုက်တွန်းနေကြပါတယ်။ အာဆီယံအသင်းကတော့ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်တဲ့အတွက် မြန်မာစစ်ခေါင်းဆောင်တွေကို အာဆီယံ အဆင့်မြင့်အစည်းအဝေးတွေမှာ လက်မခံဖို့ ဆုံးဖြတ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG