သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေးဟာ အာဆီယံအတွက် အကြီးမားဆုံး ပြဿနာ (မလေးရှားဝန်ကြီးချုပ်)


FILE PHOTO: ASEAN Summit in Jakarta
FILE PHOTO: ASEAN Summit in Jakarta

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာဟာ အလွန်စိုးရိမ်ထိတ်လန့်ဖွယ်ကောင်းကြောင်းနဲ့ ဒါဟာ မဟာဗျူဟာအရရော လူသားစာနာမှုဆိုင်ရာမှာပါ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံအတွက် အကြီးမားဆုံး ပြဿနာတရပ် ဖြစ်နေတယ်လို့ မလေးရှားဝန်ကြီးချုပ် အန္နဝါအီဗရာဟင်က ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောကြားခဲ့ပါတယ်။

မြန်မာ့အရေးဟာ အာဆီယံအတွက် အကြီးမားဆုံး ပြဿနာ (မလေးရှားဝန်ကြီးချုပ်)


မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ဆက်လက် ဖြစ်ပွားနေတာဟာ အလွန် စိုးရိမ်ထိတ်လန့်ဖွယ်ကောင်းကြောင်းနဲ့ ဒါဟာ မဟာဗျူဟာအရရော လူသားစာနာမှုဆိုင်ရာမှာပါ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံအတွက် အကြီးမားဆုံး ပြဿနာတရပ် ဖြစ်နေတယ်လို့ မလေးရှားဝန်ကြီးချုပ် အန္နဝါအီဗရာဟင်က သောကြာနေ့ နယူးယောက် ကုလသမဂ္ဂရုံးချုပ်မှာ ပြုလုပ်နေတဲ့ ကုလအထွေထွေညီလာခံမှာ ပြောကြားခဲ့ပါတယ်။

“ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ မတည်ငြိမ်မှုတွေဟာ ခုထိ ဆက်လက်ဖြစ်ပွားနေပြီး၊ ဒီအခြေအနေတွေအပေါ် ကျနော်တို့ အလွန်ကိုပဲ စိုးရိမ်ထိတ်လန့်မိပါတယ်။ ဒါဟာ ASEAN အတွင်းမှာဖြစ်ပွားနေတာပါ။ မြန်မာပြည်ပြဿနာဟာ ဒီနှစ်ပိုင်းတွေအတွင်း အာဆီယံရဲ့ အကြီးမားဆုံးဖြစ်တဲ့ မဟာဗျူဟာမြောက် လူသားစာနာမှုဆိုင်ရာ ပြဿနာဖြစ်နေပါတယ်” လို့ မလေးရှားဝန်ကြီးချုပ် အန္နဝါအီဗာရာဟင်က ပြောဆိုသွားတာပါ။

ဆက်လက်ပြီး ပြောကြားရာမှာ - မြန်မာအနေနဲ့ တိုင်းပြည်တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကို ဖေါ်ဆောင်နိုင်ဖို့အတွက် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ချက်ချင်း အကောင်အထည်ဖေါ်ဖို့ မလေးရှားက တိုက်တွန်းပါတယ်လို့လည်း ဝန်ကြီးချုပ် အန္နဝါအီဗာရာဟင်က ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်နေတဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi ဟာလည်း နိုင်ငံတကာကြက်ခြေနီအသင်း ICRC ဥက္ကဌ Mirjana Spojaric နဲ့ေ သာကြာနေ့က တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံက ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ASEAN ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖေါ်နိုင်ရေး ဆက်လက် ကြိုးစားသွားမယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်ဒ်နို မာဆူဒီက ပြောဆိုခဲ့ပါတယ်။

မြန်မာ့အရေးဟာ အာဆီယံအတွက် အကြီးမားဆုံး ပြဿနာ (မလေးရှားဝန်ကြီးချုပ်)
please wait

No media source currently available

0:00 0:01:39 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG