သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပထမဆုံးအကြိမ် အာဆီယံ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ မြန်မာပါဝင်

အာဆီယံအသင်းရဲ့ ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မှု (စက်တင်ဘာ ၁၉၊ ၂၀၂၃)
အာဆီယံအသင်းရဲ့ ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မှု (စက်တင်ဘာ ၁၉၊ ၂၀၂၃)

အာဆီယံအသင်းရဲ့ ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဒီကနေ့ အင်ဒိုနီးရှားမှာ စတင်လိုက်ပြီး၊ မြန်မာကိုယ်စားလှယ်လည်း ပါဝင်ခဲ့ပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေကို အဆင့်မြင့် အစည်းအဝေးပွဲတွေ တက်ရောက်ခွင့် ပိတ်ထားတဲ့ အာဆီယံရဲ့ စစ်ရေးလေ့ကျင့်မှုမှာ မြန်မာကိုယ်စားလှယ် ပါဝင်ခွင့်ပြုခဲ့ပေမဲ့ ဘယ်အတိုင်းအတာအထိ ပါဝင်ခွင့် ရတယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။

စစ်ရေးလေ့ကျင့်မှုမှာ မြန်မာနိုင်ငံက လေ့လာသူအဖြစ်သာ တက်မှာဖြစ်တယ်လို့လည်း အင်ဒိုနီးရှားစစ်တပ်အရာရှိတဦးကို ကိုးကားပြီး AFP သတင်းက ဖော်ပြပါတယ်။ အာဆီယံနိုင်ငံတွေဟာ အရင်က တခြားနိုင်ငံတွေနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ လုပ်ခဲ့ဖူးပေမဲ့ ဒီတကြိမ်ကတော့ အသင်းဝင်တွေနဲ့သာ ပထမဆုံး ကျင်းပတာပါ။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး နိုင်ငံရေးအကြပ်အတည်းတွေ ပေါ်ပေါက်နေတာ၊ တောင်တရုတ်ပင်လယ်ပြင်မှာ ပိုင်ဆိုင်မှုအတွက် အသင်းဝင်နိုင်ငံတချို့နဲ့ တရုတ်နိုင်ငံကြား တင်းမာမှုတွေ ပေါ်ပေါက်နေချိန်မှာ အာဆီယံအဖွဲ့ဝင်တွေသက်သက် စစ်ရေးလေ့ကျင့်တာ ဖြစ်ပေမဲ့ ကာကွယ်ရေးအတွက် မဟုတ်ဘူးလို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။ ၅ ရက်ကြာ စစ်ရေးလေ့ကျင့်မှုမှာ လူသားချင်းစာနာမှုအကူအညီပေးရေး၊ ကပ်ဘေးဒဏ် အကူအညီပေးရေးနဲ့ ကယ်ဆယ်ရေး၊ ပူးတွဲရေကြောင်း ကင်းလှည့်ရေး အစီအစဉ်တွေ ပါဝင်မယ်လို့ အင်ဒိုနီးရှားက သတင်းထုတ်ပြန်ထားပါတယ်။

“စည်းလုံးညီညွတ်ခြင်းဖြင့် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းနိုင်မယ်” လို့ အင်ဒိုနီးရှားစစ်တပ်အကြီးအကဲ Margono Yudo က စစ်ရေးလေ့ကျင့်မှုလုပ်နေတဲ့ Batam ကျွန်းမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှု ကြီးထွားလာတာကို တုံ့ပြန်ဖို့ ရည်ရွယ်တဲ့ စစ်ရေးလေ့ကျင့်မှု မဟုတ်ဘူးလို့လည်း အင်ဒိုနီးရှားက ပြောပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning ကလည်း တောင်တရုတ်ပင်လယ်နှင့် ပတ်သက်ပြီး တရုတ်အစိုးရရဲ့ ရပ်တည်ချက်ကတော့ တသမတ်တည်း ရှိနေမယ်လို့ ဒီနေ့ပဲပြောလိုက်ပါတယ်။

ပထမဆုံးအကြိမ် အာဆီယံ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ မြန်မာပါဝင်
please wait

No media source currently available

0:00 0:00:52 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG