သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အာဆီယံကြိုးပမ်းမှု နိုင်ငံရေးအရအသုံးမချစေဖို့ အင်ဒိုသတိပေး


 အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi

မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရာမှာ ဘုံသဘောတူထားချက် ၅ ရပ် အကောင်အထည် ဖော်အောင် ဆက်လက် တွန်းအားပေးဖို့ အာဆီယံအဖွဲ့ဝင်တွေက ဆက်လက်ကိုင်စွဲထားတဲ့အတွက် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ဝမ်းမြောက်ဝမ်းသာကြိုဆိုလိုက်တယ်လို့ အင်ဒိုနီးရှား နိုင်ငံတော်ပိုင် သတင်းဌာန အင်တာရာက ပြောပါတယ်။

“ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ဖို့ ဘယ်နိုင်ငံကမှ နှောင့်ယှက်တဲ့ လုပ်ရပ်တွေ မလုပ်ဘူးလို့ အင်ဒိုနီးရှားနိုင်ငံက မျှော်လင့်ကြောင်း၊ ကျမတို့ လှမ်းမယ့်ခြေလှမ်းတွေကို နိုင်ငံရေးအရ အသုံးချသွားမှာကို ကာကွယ်နိုင်အောင် မြန်မာနိုင်ငံက ပါဝင်ပတ်သက်သူတွေနဲ့ အမြော်အမြင်ရှိရှိ ထိတွေ့ဆက်ဆံရေးက အရေးကြီးပါတယ်” လို့ မစ္စမာဆူဒီ က သတင်းထုတ်ပြန်ချက်မှာ ပြောပါတယ်။

အာဆီယံရဲ့ အားလုံးသဘောတူညီချက် ၅ ရပ်မှာ ပြောတာက အားလုံးပါဝင်တဲ့ တမျိုးသားလုံး တွေ့ဆုံဆွေးနွေးရေး ဖြစ်ပါတယ်။ တရုတ်နိုင်ငံက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့နဲ့ စစ်ကောင်စီတို့ ညှိနှိုင်းဆွေးနွေးရေးမှာ ကြားဝင်ဆောင်ရွက်နေသလို မြန်မာစစ်တပ်က တဖွဲ့ချင်းနဲ့ဆွေးနွေးရေးကို ဇောင်းပေးပြောဆိုလေ့ရှိခဲ့တာပါ။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးရဲ့ ထုတ်ပြန်ချက်မှာတော့ နိုင်ငံရေးအရ အသုံးချနိုင်တဲ့ လုပ်ကိုင်ပုံကို သီးခြားထုတ်ဖော် ပြောကြားသွားတာ မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG