သုံးရလွယ်ကူစေသည့် Link များ

ကန်က အကြမ်းဖက်စာရင်းသွင်းမယ့် ကိစ္စ မြောက်ကိုရီးယားတုံ့ပြန်


ကျောင်းသားတွေကိုတွေ့ဆုံနေတဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un (March 3, 2017)

မြောက်ကိုးရီးယား ခေါင်းဆောင်ရဲ့ အဖေတူ၊ အမေကွဲ အကို Kim Jong-Nam အသတ် ခံရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ သူ့နိုင်ငံကို အမေရိကန်တို့က အကြမ်းဖက်သမား အဖြစ် စာရင်း သွင်းလိုက်ရင် အကြီးအကျယ် ပြန်ပေးဆပ်ရမယ်လို့ မြောက်ကိုးရီးယားက စနေနေ့မှာ ပြောပါတယ်။

ဒီ လူသတ်မှုမှာ ပူးပေါင်းကြံစည်သူအဖြစ် ခေါင်းဆောင် Kim Jong Un ကိုသံသယ ရှိနေတာပါ။ အသက် ၄၅ နှစ်အရွယ်Kim Jong-Nam ဟာ မလေးရှားနိုင်ငံက လေဆိပ်မှာ အာရုံကြောကို ထိခိုက်စေတဲ့ VX အဆိပ်နဲ့ လုပ်ကြံ သတ်ဖြတ်ခံ လိုက်ရတာပါ။ VX အဆိပ် ဓာတု ပစ္စည်းဟာ လူအမြောက်အများ သေစေနိုင်တဲ့ ပစ္စည်းအဖြစ် ကုလသမဂ္ဂက ပိတ်ပင်ထားတဲ့ ဓာတုပစ္စည်းများ စာရင်းမှာ ပါဝင်ပါတယ်။ Kuala Lumpur လေဆိပ်မှာ Kim Jong-Nam ခုလို အသတ်ခံ လိုက်ရတဲ့ကိစ္စကို နိုင်ငံတကာက အာရုံစိုက်နေ ကြပါတယ်။

ဂျပန်နဲ့တောင်ကိုးရီးယား သတင်းဌာနတွေက သံတမန်တွေကို ကိုးကားပြီး အမေရိကန် နိုင်ငံဟာ မြောက်ကိုးရီးယားကို အကြမ်းဖက်နိုင်ငံ စာရင်းထဲ ပြန်သွင်းဖို့ စဉ်းစားနေတယ် ဆိုပြီး ဖော်ပြခဲ့တာဖြစ် ပါတယ်။ ဒီအကြမ်းဖက် စာရင်းထဲမှာ အီရန်နဲ့ ဆီးရီးယားတို့ ပါဝင်ပါတယ်။ အမေရိကန်နိုင်ငံ အနေနဲ့ အခြေအမြစ် မရှိတဲ့ စွပ်စွဲချက်တွေကို အခြေ ခံပြီး မြောက်ကိုးရီးယားကို အကြမ်းဖက်စာရင်းထဲပြန်ထည့်မယ်ဆိုရင် ဘယ်လို ကြီးကြီး မားမား ပြန်ပေးဆပ် ရမလဲဆိုတာ ကောင်းကောင်း သတိပြုမိမှာပါလို့ မြောက်ကိုးရီးယား နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရက နိုင်ငံပိုင် သတင်းဌာန KCNA ကိုပြောပါတယ်။

အကြမ်းဖက်မှုအားလုံးကို မြောက်ကိုးရီးယားက ဆန့်ကျင်သလို အမေရိကန်က သူ့ရဲ့ ဂုဏ် သတင်း မှေးမှိန်အောင် လုပ်နေတယ်ဆိုပြီးတော့လည်း ပြောခွင့်ရသူက စွပ်စွဲပြော ဆိုပါတယ်။

XS
SM
MD
LG