[Zawgyi/Unicode]
အေမရိကန္ အေရွ ႔ပိုင္းျပည္နယ္ေတြကို ေလာင္စာအဓိက တင္ပို႔ေနတဲ့ Colonial Pipeline ကုမၸဏီကြန္ပ်ဴတာေတြထဲ ဟက္ကာ ခိုး၀င္ခဲ့တာေၾကာင့္ ပိုက္လုိင္းေတြ ပိတ္ထားရတာ ၅ ရက္ေျမာက္ေန႔ေရာက္လာခ်ိန္မွာ ေဒသတြင္း ဓာတ္ဆီဆုိင္ေပါင္း ၁,၀၀၀ ေက်ာ္ပိတ္ထားရပါတယ္။ သမၼတဘုိင္ဒန္အစိုးရကလည္း ေလာင္စာျပတ္လပ္မႈ မရွိေအာင္ လုပ္ကိုင္ေနတဲ့အတြက္ ဆီေတြ ၀ယ္ၿပီး ေလွာင္မထားၾကဖို႔ တိုက္တြန္းေနပါတယ္။
”မနက္ျဖန္ေလာက္ဆိုရင္ ပိုက္လိုင္းေတြ အျပည့္အ၀ ျပန္ဖြင့္ဖို႔ Colonial ကုမၸဏီက ဆုံးျဖတ္ႏုိင္ပါလိမ့္မယ္။ ဒါေပမဲ့ ဆုံးျဖတ္ခ်က္ခ်ၿပီးရင္ေတာင္မွ လုပ္ငန္းေတြ ျမန္ဆန္လာေအာင္ ရက္ အနည္းငယ္ၾကာပါလိမ့္မယ္။ ဒီပိုက္လိုင္းေတြကို ဘယ္တုန္းကမွ ပိတ္မထားခဲ့ဖူးပါဘူး။ ပိုက္လိုင္းရွည္ႀကီးေတြ ျပန္ဖြင့္တဲ့အခါ ေလာင္စာေတြ အရင္ျဖည့္ရဦးမွာပါ။ ဒါေၾကာင့္ အျပည့္အ၀ လည္ပတ္ဖို႔ ရက္အနည္းငယ္ၾကာပါလိမ့္မယ္။" လို႔ အေမရိကန္စြမ္းအင္၀န္ႀကီး Jennifer Granholm က အိမ္ျဖဴေတာ္မွာ သတင္းေထာက္ေတြကို အဂၤါေန႔က ေျပာဆိုသြားတာျဖစ္ပါတယ္။
ဒီျဖစ္ရပ္ေၾကာင့္ ထိခိုက္မႈ မရွိပါဘူးလို႔ အစိုးရက ေျပာေနေပမဲ့ ေလဆိပ္ေတြ၊ ဓာတ္ဆီဆုိင္ေတြကို ဆီကားႀကီးေတြ၊ သေဘၤာေတြ ဒါမွမဟုတ္ ရထားေတြနဲ႔ ေလာင္စာေတြ ပို႔ေဆာင္တဲ့ေနရာမွာ သတ္မွတ္ထားတ့ဲ လုံၿခဳံေရးနဲ႔ သဘာ၀ပတ္၀န္းက်င္ဆုိင္ရာ စည္းကမ္းတခ်ိဳ႕ကိုေတာ့ ေျဖေလ်ာ့ေပးထားပါတယ္။ ႏိုင္ငံအေရွ ႔ပိုင္းကို ေလာင္စာဆီ ၄၅ ရာခုိင္ႏႈန္းတင္ပို႔ေနတဲ့ Colonial ကုမၸဏီရဲ ႔ ကြန္ပ်ဴတာေတြထဲ အြန္လိုင္းဟက္ကာေတြ ခိုး၀င္ခဲ့တာေၾကာင့္ ၿပီးခ့ဲတ့ဲ ေသာၾကာေန႔ကတည္းက ပိုက္လိုင္းေတြ ပိတ္ထားရတာပါ။ ေငြေပးမွ အဲဒီကြန္ပ်ဴတာစနစ္ေတြကို ျပန္ဖြင့္ေပးမယ္ဆိုၿပီး ဟက္ကာအုပ္စုက ေတာင္းဆိုထားတာျဖစ္ပါတယ္။ တနလၤာေန႔ေနွာင္းပိုင္းမွာ ပိုက္လိုင္းတခ်ိဳ ႔ကို ျပန္လည္ပတ္ႏုိင္ခဲ့ၿပီး ဒီသီတင္းပတ္ကုန္ေလာက္မွာ အျပည့္အ၀ ျပန္ဖြင့္ႏုိင္မယ္လို႔လည္း ကုမၸဏီက ေျပာဆိုထားပါတယ္။
[Unicode Version]
ကန်အရှေ့ပိုင်းဒေသ ဓါတ်ဆီဆိုင် ၁,၀၀၀ ပိတ်ထားရ
အမေရိကန် အရှေ့ပိုင်းပြည်နယ်တွေကို လောင်စာအဓိက တင်ပို့နေတဲ့ Colonial Pipeline ကုမ္ပဏီကွန်ပျူတာတွေထဲ ဟက်ကာ ခိုးဝင်ခဲ့တာကြောင့် ပိုက်လိုင်းတွေ ပိတ်ထားရတာ ၅ ရက်မြောက်နေ့ရောက်လာချိန်မှာ ဒေသတွင်း ဓာတ်ဆီဆိုင်ပေါင်း ၁,၀၀၀ ကျော်ပိတ်ထားရပါတယ်။ သမ္မတဘိုင်ဒန်အစိုးရကလည်း လောင်စာပြတ်လပ်မှု မရှိအောင် လုပ်ကိုင်နေတဲ့အတွက် ဆီတွေ ဝယ်ပြီး လှောင်မထားကြဖို့ တိုက်တွန်းနေပါတယ်။
”မနက်ဖြန်လောက်ဆိုရင် ပိုက်လိုင်းတွေ အပြည့်အ၀ ပြန်ဖွင့်ဖို့ Colonial ကုမ္ပဏီက ဆုံးဖြတ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက်ချပြီးရင်တောင်မှ လုပ်ငန်းတွေ မြန်ဆန်လာအောင် ရက် အနည်းငယ်ကြာပါလိမ့်မယ်။ ဒီပိုက်လိုင်းတွေကို ဘယ်တုန်းကမှ ပိတ်မထားခဲ့ဖူးပါဘူး။ ပိုက်လိုင်းရှည်ကြီးတွေ ပြန်ဖွင့်တဲ့အခါ လောင်စာတွေ အရင်ဖြည့်ရဦးမှာပါ။ ဒါကြောင့် အပြည့်အ၀ လည်ပတ်ဖို့ ရက်အနည်းငယ်ကြာပါလိမ့်မယ်။" လို့ အမေရိကန်စွမ်းအင်ဝန်ကြီး Jennifer Granholm က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို အင်္ဂါနေ့က ပြောဆိုသွားတာဖြစ်ပါတယ်။
ဒီဖြစ်ရပ်ကြောင့် ထိခိုက်မှု မရှိပါဘူးလို့ အစိုးရက ပြောနေပေမဲ့ လေဆိပ်တွေ၊ ဓာတ်ဆီဆိုင်တွေကို ဆီကားကြီးတွေ၊ သင်္ဘောတွေ ဒါမှမဟုတ် ရထားတွေနဲ့ လောင်စာတွေ ပို့ဆောင်တဲ့နေရာမှာ သတ်မှတ်ထားတဲ့ လုံခြုံရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စည်းကမ်းတချို့ကိုတော့ ဖြေလျော့ပေးထားပါတယ်။ နိုင်ငံအရှေ့ပိုင်းကို လောင်စာဆီ ၄၅ ရာခိုင်နှုန်းတင်ပို့နေတဲ့ Colonial ကုမ္ပဏီရဲ့ ကွန်ပျူတာတွေထဲ အွန်လိုင်းဟက်ကာတွေ ခိုးဝင်ခဲ့တာကြောင့် ပြီးခဲ့တဲ့ သောကြာနေ့ကတည်းက ပိုက်လိုင်းတွေ ပိတ်ထားရတာပါ။ ငွေပေးမှ အဲဒီကွန်ပျူတာစနစ်တွေကို ပြန်ဖွင့်ပေးမယ်ဆိုပြီး ဟက်ကာအုပ်စုက တောင်းဆိုထားတာဖြစ်ပါတယ်။ တနင်္လာနေ့နှောင်းပိုင်းမှာ ပိုက်လိုင်းတချို့ကို ပြန်လည်ပတ်နိုင်ခဲ့ပြီး ဒီသီတင်းပတ်ကုန်လောက်မှာ အပြည့်အ၀ ပြန်ဖွင့်နိုင်မယ်လို့လည်း ကုမ္ပဏီက ပြောဆိုထားပါတယ်။