သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“ဂျော်ဒန်မှာ ကန်စစ်သားသုံးဦးသေဆုံးမှု အပြင်းအထန်တုံ့ပြန်မည်” သမ္မတအိမ်ဖြူတော်


အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး John Kirby
အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး John Kirby

ဂျော်ဒန်နိုင်ငံမှာ အမေရိကန်တပ်သား ၃ ယောက် ဒရုန်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့တာနဲ့ပတ်သက်ပြီး အကျိုးဆက်အလွန်ကြီးမားမယ့် တုံ့ပြန်ပုံမျိုး နဲ့တုံ့ပြန်ဖို့ အမေရိကန်က စီစဉ်နေတယ်လို့ သမ္မတအိမ်ဖြူတော်က တနင်္လာနေ့ က ပြောလိုက်ပါတယ်။

ဆီးရီးယားနယ်စပ်အနီး ဂျော်ဒန်အရှေ့မြောက်ပိုင်းက အမေရိကန်စစ်သားတွေ နေထိုင်ရာနေရာကို တိုက်ခိုက်ခဲ့ရာမှာ စစ်သား ၃၄ ယောက်လည်း ဒဏ်ရာရရှိခဲ့ပါသေးတယ်။ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ အီရန် ကျောထောက်နောက်ခံပေးထားတဲ့ စစ်သွေးကြွတွေအပေါ် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က အပြစ်ဖို့လိုက်ပါတယ်။ သမ္မတဘိုင်ဒန်ကတုံ့ပြန်လိမ့်မယ်လို့ အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက စီအင်န်အင်န် ရုပ်မြင်သံကြားကို ပြောပါတယ်။ ဒါပေမဲ့ အမေရိကန်က အီရန်နဲ့စစ်မဖြစ်ချင်သလို အရှေ့အလယ်ပိုင်းမှာ ပဋိပက္ခ ပိုကျယ်ပြန့်လာအောင် မလုပ်ဘူးလို့လည်း ဂျွန်ကာဘီက ဆိုပါတယ်။

အောက်လွှတ်တော်က ရီပတ်ဘလီကန်ဝေဖန်သူတချို့က အီရန်ကို တိုက်ရိုက်ချဖို့ ဒီမိုကရက်သမ္မတကို တောင်းဆိုလိုက်ကြပါတယ်။ ပါလက်စတိုင်းနိုင်ငံ ကို ထောက်ခံပုံ၊ ကာကွယ်ပုံကို ခုခံရေးအုပ်စုတွေက ဆုံးဖြတ်ကြရာမှာ အီရန်နိုင်ငံက ဘယ်အခန်းကဏ္ဍကမှ မပါဝင်ဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နာဆာ ကနာနီကပြောကြောင်း အီရန်နိုင်ငံတော်ပိုင် သတင်းဌာန IRNA က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG