သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျော်ဒန် အဝေးထိန်းဒရုန်းတိုက်ခိုက်မှု အမေရိကန်စစ်သားသုံးဦး သေဆုံး

ဂျော်ဒန်နိုင်ငံ Rwaished ခရိုင် အတွင်းမှာရှိတဲ့ Tower 22 လို့ လူသိများတဲ့ အမေရိကန်စစ်စခန်း (အောက်တိုဘာ ၁၂၊ ၂၀၂၃)
ဂျော်ဒန်နိုင်ငံ Rwaished ခရိုင် အတွင်းမှာရှိတဲ့ Tower 22 လို့ လူသိများတဲ့ အမေရိကန်စစ်စခန်း (အောက်တိုဘာ ၁၂၊ ၂၀၂၃)

ဂျော်ဒန်နိုင်ငံ အရှေ့မြောက်ပိုင်း ဆီးရီးယားနဲ့ နယ်စပ်အနီး အမေရိကန်စစ်တပ် အခြေစိုက်စခန်းကို စနေနေ့ည အဝေးထိန်းဒရုံးယာဉ်နဲ့ တိုက်ခိုက်ခံရတဲ့အတွက် အမေရိကန်စစ်သား သုံးယောက် သေဆုံးပြီး နောက်ထပ် ၃၄ ယောက် ထိခိုက်ဒဏ်ရာရသွားတဲ့အကြောင်း အမေရိကန်စစ်တပ် အရှေ့အလယ်ပိုင်း ဒေသဆိုင်ရာ ကွပ်ကဲရေးဌာနချုပ်က သတင်းပေးပို့ပါတယ်။

အစ္စရေးနဲ့ ဟာမတ်စစ်သွေးကြွတွေအကြား လေးလကြာ စစ်ပွဲဖြစ်ပွားခဲ့တဲ့ ကာလမှာ အမေရိကန် စစ်တပ်သားတွေ ပထမဆုံးအကြိမ် သေဆုံးတာလို့ ယုံကြည်ရပါတယ်။ ဆီရီးယားနဲ့ အီရတ်မှာ လှုပ်ရှားနေတဲ့ အီရန် ကျောထောက် နောက်ခံပေးထားတဲ့ သူပုန်တွေက ဂျော်ဒန်ထဲကို ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ အမေရိကန် သမ္မတ Joe Biden က ပြောပါတယ်။ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာကတော့ ဒီတိုက်ခိုက်မှုမှာ သူတို့ တာဝန်မရှိဘူးလို့ ငြင်းဆိုပါတယ်။ အီရန်အစိုးရ IRNA သတင်းဌာနက လက်နက်ကိုင် သူပုန်အဖွဲ့တွေရဲ့ ဆုံးဖြတ်ချက်ဖြစ်တဲ့ ပါလက်စတိုင်းပြည်သူတွေကို ထောက်ခံတာတွေမှာ အီရန် အစိုးရအနေနဲ့ ပါဝင်ပတ်သက်မှု မရှိဘူးဆိုပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရကို ကိုကားထုတ်လွှင့်သွားပါတယ်။

အီရန်မှာရှိတဲ့ အစ္စလာမ်မစ် တော်လှန်ရေးအဖွဲ့နဲ့ လက်တွဲဘက် Kataib Hezbollah အဖွဲ့၊ နောက် Nujabaa နဲ့ တခြား အီရန် ကျော်ထောက်နောက်ခံပေးထားတဲ့ စစ်သွေးကြွအဖွဲ့တွေက တိုက်ခိုက်မှုဟာ သူတို့လက်ချက်လို့ ပြောဆိုထားတဲ့အကြောင်း The Washington Post သတင်းစာမှာ ရေးသားထားပါတယ်။ အစ္စရေးကို အမေရိကန်ပြည်ထောင်စုက ထောက်ခံပံ့ပိုးနေသမျှ အရှေ့အလယ်ပိုင်းဒေသအတွင်းမှာရှိတဲ့ အမေရိကန်တပ်နဲ့ စခန်းတွေကို တိုက်ခိုက်သွားမယ်ဆိုပြီး စစ်သွေးကြွအဖွဲ့တွေရဲ့ တာဝန်ရှိသူတဦးက ပြောဆိုထားပါတယ်။

ဂျော်ဒန် အဝေးထိန်းဒရုန်းတိုက်ခိုက်မှု အမေရိကန်စစ်သားသုံးဦး သေဆုံး
please wait

No media source currently available

0:00 0:00:43 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG