သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးလူမျိုးတုံးသတ်ဖြတ်မှု ICJ ဆက်ကြားနာ စစ်ဆေးမည်


နယ်သာလန်နိုင်ငံ The Hague မြို့မှာရှိတဲ့ ICJ နိုင်ငံတကာတရားရုံးမှာ တောင်အာဖရိကနိုင်ငံက အစ္စရေးကို လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ပတ်သက်လို့ ကြားနာပွဲအတွင်းတွေ့ရတဲ့ ICJ ဂျူရီလူကြီးမင်းများ (ဇန်နဝါရီ ၂၆၊ ၂၀၂၄)
နယ်သာလန်နိုင်ငံ The Hague မြို့မှာရှိတဲ့ ICJ နိုင်ငံတကာတရားရုံးမှာ တောင်အာဖရိကနိုင်ငံက အစ္စရေးကို လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ပတ်သက်လို့ ကြားနာပွဲအတွင်းတွေ့ရတဲ့ ICJ ဂျူရီလူကြီးမင်းများ (ဇန်နဝါရီ ၂၆၊ ၂၀၂၄)

အစ္စရေးကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တောင်အာဖရိကနိုင်ငံက စွဲချက်တင်ထားကို ကုလသမဂ္ဂ အမြင့်ဆုံး ခုံရုံးက ဆက်ကြားနာဖို့ လက်ခံလိုက်ပါတယ်။ အစ္စရေးဘက်က ဒီအမှုကို ပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့တာကို ICJ နိုင်ငံတကာတရားရုံးက ပယ်ချခဲ့တယ်လို့လည်း တရားရုံးဥက္ကဋ္ဌ Joan E. Donoghue က မကြာသေးခင် နာရီပိုင်းအတွင်းကဘဲ စီရင်ချက် ချလိုက်တာပါ။

“လူမျိုးတုံးသတ်ဖြတ်မှု ပဋိဉာဏ်သဘောတူချက်ရဲ့ ပုဒ်မ ၉ မှာ ဖော်ပြထားတဲ့ ဥပဒေကြောင်းနဲ့အညီ၊ ဒီအမှုကို ဆက်စစ်ဆေးဖို့ ကျိုးကြောင်းခိုင်လုံတယ်လို့ ခုံရုံးအနေနဲ့ ဆုံးဖြတ်လိုက်ပါတယ်။ အခုလို ဆုံးဖြတ်လိုက်တာကြောင့် အစ္စရေးဖက်က တောင်းဆိုထားတဲ့ ဒီအမှု ပယ်ချပေးရေးကိုတော့ လိုက်လျောမပေးဖို့ ခုံရုံးက သဘောထားချမှတ်လိုက်တာပါ” လို့ ICJ ဥက္ကဋ္ဌ Donoghue က ပြောသွားတာပါ။

ဂါဇာမှာ အစ္စရေးက ပါလက်စတိုင်းတွေကို လူမျိုးတုံးသတ်ဖြတ်နေတယ်လို့ တောင်အာဖရိကနိုင်ငံက ICJ နိုင်ငံတကာတရားရုံးမှာ တရားစွဲဆိုခဲ့တာကို နယ်သာလန်နိုင်ငံ The Hague မြို့မှာရှိတဲ့ ICJ တရားရုံးမှာ ဒေသစံတော်ချိန် ဒီကနေ့ ညနေပိုင်းက ကြားနာပြီး ကနဦး ဆုံးဖြတ်ချက် ချလိုက်တာပါ။

ICJ အနေနဲ့ ကြားကာလတားမြှစ်ချက်ပါ ဆက်ဆုံးဖြတ်ခဲ့တာမှာ ဂါဇာမှာ အရပ်သားသတ်ဖြတ် ဒဏ်ရာရစေမှု၊ အရပ်သားအဆောက်အအုံတွေ ပစ်မှတ်ထားမှုနဲ့၊ စာနာမူအကူအညီပိတ်ပင်မှုတွေ ဆက်မလုပ်ဖို့ အစ္စရေးအပေါ် အရေးပေါ် အမိန့်ချလိုက်ပါတယ်။တကယ်တော့ အစ္စရေးနဲ့ တောင်အာဖရိက ၂ နိုင်ငံလုံးက ဒီ ICJ သဘောတူစာချုပ်ကို လိုက်နာဖို့ လက်မှတ်ထိုးထားတဲ့ နိုင်ငံတွေလည်း ဖြစ်ပါတယ်။

ဒီနေ့ကြားနာမှုမစခင်လေးမှာပဲ၊ ခုံရုံးကို ကိုယ်တိုင်တက်လာတဲ့ တောင်အာရိက နိုင်ငံခြားရေးဝန်ကြီးကလည်း ပါလက်စတိုင်းတွေ ခံစားနေရတာကို ကမ္ဘာ့ထိပ်တန်းရောက်လာအောင် လုပ်နိုင်ခဲ့တယ်လို့ ပြောလိုက်ပါတယ်။ တောင်အာဖရိက နိုင်ငံခြားရေးဝန်ကြီး Naledi Pandor က ဂျုးလူမျိုးတုံးသတ်ခံခဲ့ရတဲ့ Holocaust လိုရက်စက်မှု၊ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဆက်မဖြစ်ရအာင်ဖွဲ့ထားတဲ့ ကုလသမဂ္ဂခုံရုံးအနေနဲ့၊ အရင်မဖြည့်ဆီးနိုင်ခဲ့တာ အခု လုပ်ပြဖို့ အခွင့်အလမ်းပါလို့ ထောက်ပြလိုက်ပါတယ်။

အစ္စရေးအနေနဲ့ကတော့ အခုလို လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်ကို ငြင်းဆိုထားပြီး၊ ဒီအမှုကို ပယ်ချပေးဖို့ပြောထားကာ၊ ဂါဇာထိုးစစ်ဟာ နိုင်ငံတကာစည်းမျဉ်းတွေအတိုင်း အစ္စရေး ခုခံကာကွယ်ရေးအတွက် လုပ်ဆောင်ခဲ့တာသာဖြစ်တယ်လို့ ပြန်ပြောထားပါတယ်။ ဒါပေမဲ့ လူမျိုးတုံးသတ်ဖြတ်မှုစွဲချက် ဆက်စစ်ဆေးသွားဖို့ ကုလသမဂ္ဂရဲ့. တရားသူကြီး ၁၇ ဦးပါတဲ့အဖွဲရဲ့. ဆုံးဖြတ်ချက်ကို ICJ ဥက္ကဋ္ဌ Joan E. Donoghue က ဒီည မြန်မာစံတော်ချိန် ၆ နာရီခွဲမှာစတဲ့ တနာရီနီးပါးကြာ ကြားနာမှုထဲ ဖတ်ကြားသွားခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်အတွက် တောင်အာဖရိကဖက်ကတောင်းဆိုထားချက်ထဲမှာတော့ ဂါဇာမှာ ချက်ချင်းအပစ်အခတ်ရပ်ပေးဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေဝင်ရောက်ခွင့်ပေးဖို့တွေပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG